(Unicode)
မနက်ရောက်သော် စိုင်းမဟာမောင်တစ်ယောက် ရွှင်လန်းတက်ကြွလျက်ရှိသည်။
"မြေး ရုံးသွားတော့မလို့လား၊ မနက်စာစားမသွားတော့ဘူးလား"
"မစားတော့ဘူး ဘွားဘွား၊ ဒီနေ့စောသွားချင်လို့"
"ကိုလှမောင် သွားရအောင်"
"ဟုတ် အကိုလေး"
အကိုလေးဒီနေ့ စိတ်ကြည်နေပုံဘဲ ဒီနေ့တော့ အငေါက်မခံလောက်တော့ဘူး။
"အကိုလေး ဟိုဆိုင်ဝင်ဝယ်ဦးမှာလားဗျ"
"အင်း ဝယ်မှာ"
မုန့်လင်မယားဆိုင်ရှေ့ရောက်တော့ကြ လှမောင်လည်း ဆင်းဝယ်မယ်အလုပ်
"ကိုလှမောင် ကျွန်တော်ဘဲဆင်းဝယ်လိုက်တော့မယ်"
"ဗျာ....ဟုတ် ဟုတ်အကိုလေး"
သူ့ကိုထူးဆန်းသတ္တဝါလိုကြည့်နေတဲ့ လှမောင်ကို စိုင်းမဟာမောင် လျစ်လျှူရှု့ထားလိုက်ပြီး ခပ်တည်တည်ဘဲ ကားပေါ်ကဆင်းပြီးတော့ သူ့ရဲ့ အသည်းအသက်လေးဆီ ဦးတည်လိုက်သည်။
"မုန့်လင်မယားဝယ်ချင်လို့ပါ"
"ဟင်"
လွန်းဝသာန်အံသွားသည် သူ့ဆီကို အမြဲဝယ်နေကြ ထိုလူချောမဟုတ်လား
ဒီတစ်ခါတော့ ထူးထူးဆန်းဆန်း ကားထဲမှာမနေဘဲ လာဝယ်လေတော့ ကြောင်ပြီးကြည့်နေမိတယ်။"မောင်ကအရမ်းချောနေတော့ ကြည့်မဝဖြစ်နေတာလား လွန်းငယ်"
ပြုံးစိစိနဲ့မေးလာတဲ့သူကြောင့် လွန်းဝသာန်တစ်ယောက် မျက်နှာများပင် ပူလာရသည်။
"အဟမ်း...ဟို...ဟိုဟာ"
"ဟုတ်ကဲ့ မောင့်ရဲ့လွန်းငယ်လေး ဘာပြောချင်လို့ပါလဲ ခင်ဗျာ"
ပြုံးစိစိနဲ့ သူ့ကိုစနောက်နေတဲ့သူကိုကြည့်ပြီး လွန်းဝသာန်ပိုလို့တောင်ရှက်လာသည်။
"ဘာကို မောင့်ရဲ့လွန်းငယ်လည်းဗျ"
"ဟောဗျာ...မောင့်ရဲ့လွန်းငယ်၊ ဟောဒီ့က စိုင်းမဟာမောင်ရဲ့လွန်းငယ်မလို့ မောင့်ရဲ့လွန်းငယ်လို့ခေါ်တာပေါ့ဗျ"
VOCÊ ESTÁ LENDO
ဟောဗျာ...မောင့်လွန်းငယ် {Complete}
Romanceစိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"