သီတင်းကျွတ်လပြည့် ၁၃၄၂ခုနစ်
''လွန်းငယ်ရေ မောင့်လွန်းငယ်''
''မောင် ငါအဆင်သင့်ဖြစ်ပြီ''
သီတင်းကျွတ်လပြည့်မလို့ စိုင်းမဟာမောင်ရဲ့အဘွားဖြစ်သူကို သွားကန်တော့ရန် စီစဥ်နေကြခြင်း
''မောင် ငါနည်းနည်းစိတ်လှုပ်ရှားနေတယ်''
မောင့်အဘွားဖြစ်သူ သဘောမတူတဲ့ကြားက ကျွန်တော်တ်ို့ခိုးပြေးခဲ့ကြသည်မလား အခုလို သွားတွေ့ရမှာဆိုတော့ အနည်းငယ်တော့စိတ်လှုပ်ရှားမိတယ်
''လွန်းငယ်ရယ် အဘွားကအခုပြောင်းလဲနေပါပြီ''
စိုင်းမဟာမောင်ရဲ့သေချာနေတဲ့အပြုံးကြောင့် လွန်းဝသာန်အနည်းငယ်တော့ စိတ်အေးသွားရသည်
''ကဲ အက်တာဆို မောင်တို့သွားကြရအောင်''
စိုင်းမဟာမောင်တို့လည်း ကန်တော့စရာပစ္စည်းတွေကို ကားပေါ်တင်ပြီး စိုင်းမဟာမောင်အဘွားဖြစ်သူထံ ထွက်လာခဲ့လိုက်တယ်
တစ်မြို့ထဲဖြစ်တာကြောင့် အကြာကြီးတော့မသွားလိုက်ရပါ
အိမ်ကြီးကတော့ အရင်ကလို ခမ်းနားဆဲ၊လှပဆဲ၊ပန်းတို့နှင့်ဝေဆာဆဲစိုင်းမဟာမောင်တို့ အိမ်ထဲဝင်ဝင်ချင်း ကားသန့်ရှင်းရေးလုပ်နေတဲ့ ကိုလှမောင်ကိုအရင်ဆုံးတွေ့လိုက်ရသည်
''ကိုလှမောင် အဘွားအိမ်ထဲရှိလား''
''ဟာ အကိုလေးတို့ မတွေ့ရတာတောင်ကြာပြီဗျာ
သခင်မကြီးက အိမ်ထဲမှာရှိပါတယ်ဗျ''စိုင်းမဟာမောင်တို့လည်း ကိုလှမောင်ကိုနှုတ်ဆက်ပြီး အိမ်ထဲကိုဝင်ခဲ့လိုက်ကြသည်
လွန်းဝသာန် စိုင်းမဟာမောင်ရဲ့အိမ်ကိုတစ်ခါမှမရောက်ဘူးပါ
အိမ်ထဲကိုဝင်လိုက်ဆို ဧည့်ခန်းမှာ မျက်လုံးမှိတ်ထိုင်ကာ ပုတီးစိတ်နေတဲ့ မောင့်ရဲ့အဘွားဖြစ်သူကိုတွေ့လိုက်ရဆို လွန်းဝသာန်တွေးမိလိုက်သည်က
'လှလိုက်တာ လှတယ်ဆိုတာထက် ကျက်သရေရှိလိုက်တာ ဒီလိုခမ်းနားတဲ့အိမ်ကြီးနဲ့ ဘယ်လောက်တောင်လိုက်ဖတ်လိုက်သလဲ'''ဘွားဘွား ကျွန်တော်တို့လာတယ်''
ထိုအခါမှ မျက်လုံးဖွင့်လာပြီး
BẠN ĐANG ĐỌC
ဟောဗျာ...မောင့်လွန်းငယ် {Complete}
Lãng mạnစိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"