အပိုင်း (၁၈)

15.3K 835 44
                                    

(Unicode)

''အကို လူတွေက ဘာလို့ ကလေးယူကြတာလည်းဟင်''

''​အကိုဘာလို့ ပညာရေးဝန်းထမ်းလုပ်ချင်တာလည်း''

''အကို ကျောင်းတွေရဲ့ ရည်ရွယ်ချက်ကဘာလည်း''

သူမ အမြဲမထင်ထားတာတွေ အရမ်းမေးတတ်တာ
တစ်ခါကဆိုရင်...

''အကို လူတွေက ဘာလို့ကလေးယူကြတာလည်း''

''ဟမ်''

''ဘယ်မိဘမဆို ကိုယ့်ရဲ့သားသမီးကို အနည်းနဲ့အများတော့ချစ်ကြမှာဘဲမဟုတ်လား ချစ်တယ်ဆိုရင် ဘာလို့ ဒီလောကကြီးထဲကိုခေါ်လာတာလည်း ဒီလိုပုပ်ပွပြီး မကောင်းတဲ့လောကကြီးထဲကိုလေ ညီမသာဆိုရင် မခေါ်ချင်ပါဘူး
ညိီမက မိခင်ကောင်းတစ်ယောက်ဖြစ်လိမ့်မယ်လည်း မထင်ဘူး''

'ဟင့်အင် ညီမက အရမ်းတော်တဲ့မိခင်တစ်ယောက်ဖြစ်လာမှာ' လို့ကျွန်တော်ပြောချင်ခဲ့ပေမဲ့ မပြောဖြစ်ခဲ့ဘူး။ ကျွန်တော့်ကို အခွင့်အရေးသာထပ်ပေးရင် ဒီစကားကို ပြောဖြစ်အောင်ပြောခဲ့မှာ သူမမေးတဲ့မေးခွန်းတွေကိုလည်း မဖြေနိုင်ရင်တောင် ရအောင်ကြိုးစားဖြေခဲ့မိမှာ

ထိုသို့သောအတွေးပေါင်းများစွာနဲ့အတူ အိမ်မက်ကနေနိုးလာခဲ့သည်။

''ဟမ် အိမ်မက်...အိမ်မက်လား''

သူမ မရှိတော့ဘူးဆိုတာ အိမ်မက်လား
မျှော်လင့်ချက်နဲ့ အခန်းပတ်ပတ်လည်ကို​ဝေ့ကြည့်မိတော့ အောက်မှာကျနေတဲ့ သေဆုံးကြောင်းစာရွက်နဲ့ ရာထူးတိုးစာရွက်က သူ့ကိုလှောင်ရယ်နေသလို

ကျွန်တော် ထပ်ပြီး ငိုမိပြန်တယ်...
ဘာလို့လည်း ဘာလို့ဒီလိုတွေဖြစ်ကတာလည်း
ထို့နေက မိုးတွေမသည်းခဲ့ရင် သူမအခုအချိန် ရှိနေလောက်သေးလား
ကျွန်တော့ရဲ့ အခုပုံစံကိုသာ သူမမြင်ရင် ကျွန်တော်အဆူခံရနေရဦးမှာ 'ဘာလို့ငိုရတာလည်း အကိုရယ်'ဆိုပြီး ဒါပေမဲ့ အခု အက်လိုဆူမဲ့သူမရတော့တဲ့အခါ ကျွန်တော်ပြန်မဖြေနိုင်လောက်တဲ့ မေးခွန်းတွေကို မေးမဲ့သူ မရှိတော့တဲ့အခါ ကျွန်တော်ရင်ကွဲအောင် ငိုမိပါသည်။
သူမအမြဲပြောတယ် 'ငိုတယ်ဆိုတာ ပျော့ညံ့တာဘဲ' တဲ့ ဟုတ်ပါတယ် ကျွန်တော်က ပျော့ညံ့တာမလို့ ပျော့ညံ့ပြီးမိုက်ရူးရဲဆန်တာမလို့ သန်မာတဲ့သူမကို ပြန်ခေါ်ပေးကြပါ သူမကို လိုအပ်တာမလို့ ပြန်ခေါ်ပေးကြပါ...

ဟောဗျာ...မောင့်လွန်းငယ် {Complete}Donde viven las historias. Descúbrelo ahora