သီချင်းသံနဲ့အတူ အတွေးတို့က လွန်ခဲ့သော နှစ်အနည်းငယ်စီသို့.....
.
.
."သမီး ဘယ်သွားမလို့လည်း''
"စာအုပ်ဆိုင်မေမေ''
အိမ်ပြင်ကိုထွက်လိုဆို ကားသုတ်နေသော ကားဒရိုက်ဗာ ဦးဌေးကိုတွေ့လိုက်သည်။
"ဦးဌေး ကားအဆင့်သင့်ဖြစ်ရင် သွားရအောင်လေ''
"အဆင်သင့်ဖြစ်ပြီ သွားနေကြ စာအုပ်ဆိုင်ဘဲလား''
"ဟုတ်တယ် ဦးဌေး''
နွေဦးချိန်ခါဖြစ်တဲ့အတွက်ကြောင့်မို့ လမ်းဘေးမှာ နေကြာရိုင်းတွေဝါထိန်နေအောင်ပွင့်နေကြသည် တောင်ပေါ်မြို့လေးဖြစ်တဲ့အတွက် အညာမြေလို မပူလှပါ
ပတ်ဝန်းကျင်ကို ငေးရင်းမောရင်းနဲဲ့ဘဲ စာအုပ်အငှားဆိုင်ကို ရောက်လို့ရောက်မှန်းတောင်သတိမထားမိလိုက်ပေ။"စာအုပ်ဆိုင်တောင်ရောက်ပြီဘဲ''
ခြူးမြတ်လည်း ကားပေါ်ကဆင်းပြီး စာအုပ်ဆိုင်ထဲဝင်လာဆို အရင်စာအုပ်ငှားပေးတဲ့ အသက်ကြီးကြီးဦးလေးကြီးနေရာမှာ ရွယ်တူလောက်ဖြစ်ဟန်တူသော အမျိုးသားတစ်ယောက်က ထိုင်နေသည်။
"စာအုပ်ငှားချင်လို့ပါ''
"ဟုတ် ရပါတယ် ဝင်လာပါ ကြိုက်တာရွေးပါဗျ''
ခြူးမြတ်လည်း သိပ်အကြိုက်မတွေ့တာနဲ့ မထူမပါး ခပ်သင့်သင့်စာအုပ်တစ်အုပ်ဘဲယူခဲ့လိုက်သည်၊
"တစ်အုပ်ဘဲလားဗျ''
"အင်း အကြိုက်မတွေ့လို့''
"စာအုပ်အငှားမှတ်ဖို့ နာမည်လေးပြောပါဦး''
"ခြူးမြတ်ရောင်ခြည်....
အရင် ငှားနေကြ ဦးလေးကရော''"ဦးလေးက နေမကောင်းလို့ ကျွန်တော် သူ့နေရာမှာ အစားထိုင်ပေးတာ''
ခြူးမြတ်ခေါင်းညှိမ့်ပြီးဘဲ တုန့်ပြန်လိုက်သည်
ထို့နောက်ခြူးမြတ်လည်း စာအုပ်ကိုယူပြီးပြန်လာခဲ့လိုက်သည်။*****************
မင်းသစ်ညို ဦးလေးဖြစ်သူနေမကောင်းလို့ သူ့ရဲ့စာအုပ်ဆိုင်ကို အစားလာပေးတာ နှစ်ရက်လောက်ရှိပြီ ဒီနေ့တော့ ကောင်မလေးတစ်ယောက် စာအုပ်လာငှားတယ် သူ့ကြည့်ရတာ ငှားနေကြဖြစ်မယ်နဲ့တူပါတယ် ဦးလေးကိုလည်းမေးသွားသေးတယ် ကားနဲ့လာတာဆိုတော့ လူချမ်းသာ အသိုင်းအဝိုင်းထဲကဘဲ ဖြစ်ပါလိမ့်မယ်။
BẠN ĐANG ĐỌC
ဟောဗျာ...မောင့်လွန်းငယ် {Complete}
Lãng mạnစိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"