အပိုင်း (၈)

21.1K 1.1K 70
                                    

(Unicode)

စိုင်းမဟာမောင် လွန်းငယ်ကိုအိမ်ပြန်ပို့ပေးပြီး ညအိပ်ယာထဲဝင်သည်ထိ မျက်နှာပိုးသပ်မရဖြစ်နေသည်။

"လွန်းငယ် ငါ့ကိုတစ်ကယ်လက်ခံလိုက်တာဘဲ''

စိုင်းမဟာမောင်တစ်ယောက်မယုံနိုင်ဖြစ်နေမိသည်

မအိပ်ရဲဘူး အိပ်လိုက်လို့ မနက်နိုးတဲ့အခါ ဒါတွေအားလုံးအိမ်မက်ဖြစ်နေရင်ဘယ်လိုလုပ်မလဲ

နောက်ဆုံးတော့ စိုင်းမဟာမောင်လည်း ကိုယ့်ဟာကိုဖြေသိမ့်ပြီး ကြိုးစားပြီးအိပ်လိုက်သည်။
.
.
.
မနက်ရောက်ဆို စိုင်းမဟာမောင်တစ်ယောက် အစောကြီးရှိသေး အဆင်သင့်ဖြစ်ပြီးလို့ အောက်ထပ်ကိုဆင်းလာသည်။

"​မြေး အစောကြီးသွားမလို့လား''

"ဟုတ် အဘွာ အရေးကြီးကိစ္စရှိလို့''

"အေး...အေး ဂရုစိုက်သွား''

စိုင်းမဟာမောင် အိမ်ရှေ့ထွက်လိုက်ဆို လှမောင်က

"အကိုလေး အစောကြီးသွားမလို့လား''

"ဟုတ်တယ် ကိုလှမောင်ကားပြင်ပြီးသွားမယ်''

"အကိုလေး ဟိုအိမ်ဝင်ဦးမှာလား''

"အင်း...ဝင်မှာ ဪ...ဒါနဲ့ ကိုလှမောင် ညနေကျွန်တော်ကိုလာကြိုရင် ခြူးမြတ်ကိုပါဝင်ခေါ်ခဲ့ပါသူ့အိမ်သိတယ်မလား''

"ဟုတ် ကျွန်တော်သိပါတယ်''

စိုင်းမဟာမောင် လွန်းဝသာန်အိမ်ရှေ့ရောက်ဆို လူတစ်ယောက်နဲ့ ရီမောပြီး စကားပြောနေသော လွန်းဝသာန်ကိုတွေ့လိုက်သည်။

"လွန်းငယ်''

"အာ...ခင်ဗျားကိုမိတ်ဆက်ပေးမယ် ဒါက ကျွန်တော့်သူငယ်ချင်း ကျောင်းဆရာ မင်းသစ်ညိုတဲ့''

"အင်း''

မျက်နှာရှစ်ခေါက်ချိုးနဲ့ဖြစ်နေသော စိုင်းမဟာမောင်ကို လွန်းဝသာန် အနောက်ကနေ မသိမသာ ဗိုက်ကြောလိမ်ဆွဲလိုက်သည်
အက်တော့ကြမှ

"စိုင်းမဟာမောင်ပါ''

"အာ ဟုတ်ကဲ့ ကျွန်တော်မင်းသစ်ညိုပါ
ဒါဆို ကျွန်တော် ကျောင်းရှိသေးတာမလို့ ခွင့်ပြုပါဦး''

ဟောဗျာ...မောင့်လွန်းငယ် {Complete}Tempat cerita menjadi hidup. Temukan sekarang