(Unicode)
''မမလေးရေ မမလေး''
ခြူးမြတ် အလုပ်နားရက်မလို့ မနက်စောစော ကော်ဖီသောက်ရင်း စာအုပ်ဖတ်နေခြင်း
''ဟင် ကျွန်မ ဒီမှာရှိတယ် ဘာဖြစ်လို့လည်း"
''အိမ်ရှေ့မှာလေ လူတစ်ယောက် မမလေးနဲ့တွေ့ချင်လို့တဲ့''
''ဘယ်သူလည်း''
''အက်တာတော့မသိဘူးရယ် ပြန်လွတ်လိုက်ကမလားဟင်''
''နေနေ ကျွန်မထွက်တွေ့လိုက်မယ်''
ခြူးမြတ်လည်း ဘယ်သူများလည်း သိချင်စိတ်နဲ့ အိမ်ရှေ့ထွက်လာတော့ မြင်လိုက်ရသူကြောင့် ပြောစရာစကားများ ပျောက်ရှသွားသည်။
''ဟယ် မဟာ နင်ဘယ်လိုတောင်''
ညမအိပ်ထားတဲ့ပုံစံ မျက်တွင်းဟောက်ပက်နဲ့ လမ်းဘေး အိမ်ခြေရာမဲ့ပုံစံဖြစ်နေသည် ဒီပုံစံနဲ့ဖြစ်နေမှတော့ အိမ်ကအကူတွေမမှတ်မိတာမဆန်းပါဘူးလေ။
''မဟာ နင်ဘယ်လိုတောင်ဖြစ် ကဲကဲ လာ အိမ်ထဲအရင်ဝင်''
ခြူးမြတ်လည်း ဘာဖြစ်လာမှန်းမသိတဲ့သူကို အိမ်ထဲအရင်ခေါ်လိုက်သည်။
''မဟာ ထိုင် ပြောပါဦး ဘာဖြစ်လာတာလည်း''
''ခြူးမြတ်ရာ လွန်းငယ်လေ လွန်းငယ်ငါ့ကိုထားသွားပြီ''
ပြိုတော့မဲ့မိုးလိုမျက်နှာနဲ့ပြောနေတဲ့သူငယ်ချင်းဖြစ်သူကြောင့် ခြူးမြတ်လည်း ရုတ်တရက်ဘာပြောရမှန်းမသိတောင်ဖြစ်သွားရသည်။
''အကိုဝသာန်နဲ့ ဘာဖြစ်ကြလို့လည်း ရန်ဖြစ်ကြတာလား''
''မဟုတ်ဘူး ဒီတိုင်း မနက်ကတင်ငါတို့အဆင်ပြေနေသေးတာကို ညကြတော့ ငါ့ကို ထပ်ပြီးမတွေ့ဘဲနေရအောင်တဲ့ ဒီကိစ္စ အဘွားကြောင့်ဆိုတာငါသိတယ် ငါ...ငါဒီလောက် ပြသာနာမဖြစ်အောင် လုပ်နေတဲ့ကြားထဲက ဘာကဘယ်လိုဖြစ်သွားလည်းမသိတောဘူး ငါအခု ဘာဆက်လုပ်ကတော့မှာလည်း''
''ကဲပါမဟာရယ် စိတ်အေးအေးထားပါ ငါကူညီပါ့မယ် အခုတော့ အိမ်ပြန်ပြီးနားလိုက်ဦး''
ခြူးမြတ်လည်း မဟာ့ကိုချော့မော့ပြီး ပြန်လွှတ်လိုက်ကသည်။

أنت تقرأ
ဟောဗျာ...မောင့်လွန်းငယ် {Complete}
عاطفيةစိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"