(Unicode)
မနက်ရောက်ဆို စိုင်းမဟာမောင်တစ်ယောက် အစောကြီးနိုးနေလေသည်။
ရုံးမသွားခင် လွန်းငယ်အိမ်ကို ဝင်ရဦးမယ်မဟုတ်ပါလား
စိုင်းမဟာမောင် အောက်ထပ်ကိုဆင်းလာဆို ဘွားဘွားက"မြေး အစောကြီးသွားမလို့လား"
"ဟုတ် ဘွားဘွား ဝင်စရာရှိသေးလို့
ဒါဆိုကျွန်တော်သွားတော့မယ်နော်""အေး အေး"
အိမ်ရှေ့ထွက်လိုက်ဆို ကားသုတ်နေတဲ့ ကိုလှမောင်ကိုတွေ့ရသည်
တောင်ပေါ်မြို့ရဲ့ မနက်ခင်းဖြစ်တဲ့အလျောက် မြူများဆိုင်းလျက်ရှိသည်။"ကိုလှမောင် ကားအဆင်သင့်ဖြစ်ရင်သွားမယ်"
"အဆင်သင့်ဖြစ်ပြီအကိုလေး"
"ဪ...ဒါနဲ့ မနက်ခင်းရုံးသွားတိုင်း လွန်းငယ်တို့အိမ်ကို ဝင်ပြီးမှ ရုံးသွားမယ်"
"ဗျာ...ဟုတ် ဟုတ်ကဲ့ အကိုလေး"
ဒီလိုနဲ့ ကားလေးက ခြံဝင်းထဲကနေတစ်လှိမ့်လှိမ့် ထွက်ခွာခဲ့သည်။
ဆောင်းမနက်ခင်းတစ်ခုလို့ပြောစရာမလိုအောင် မြူများဆိုင်းလျက်ရှိပြီး သစ်ပင်တွေပေါ်မှာ နှင်းရည်စက်လေးတွေတွဲခိုလျက်ရှိသည်
စိုင်းမဟာမောင်လည်း ကားပြတင်းပေါက်ကနေ အပြင်ကိုကြည့်ရင်းနဲ့အတွေးနှယ်ချဲ့နေမိသည်။ဒီမြို့ကြီးဟာလှပတယ်ဆိုပေမဲ့ လွန်းငယ်ကိုတော့ မှီမယ်မထင်ဘူး
လှတယ်၊ လှတယ်ဆိုတာကို ဘယ်လိုသတ်မှတ်မှတ်လဲ ကိုယ့်အတွက်တော့ လှတယ်ဆိုတာ ကြည့်ပြီးရင်း ကြည့်ချင်ရင်းနဲ့ ဘယ်တော့မှ ကြည့်မဝတာဖြစ်ပါလိမ့်မယ်
အက်တာကြောင့် လွန်းငယ်ဟာ ကိုယ့်အတွက် သိပ်ကိုလှပပါတယ်။စိုင်းမဟာမောင်သူ့အတွေးနဲ့သူပြုံးလိုက်မိသည်။ သိပ်မကြာခင်မှာလွန်းဝသာန်တို့အိမ်ရှေ့မှာ ကားရပ်သွားသည်၊ စိုင်းမဟာမောင်ကားပေါ်ကဆင်းလိုက်ဆို လွန်းဝသာန်က အိမ်ထဲကထွက်လာသည်။
"လွန်းငယ် ခြေထောက်နာနေတာမလား ဘာလို့ထွက်လာတာလည်း"
"ခင်ဗျားလာမယ်ပြောပေမဲ့ တကယ်ကြီးလာမယ်ထင်မထားဘူး အခုကားသံကြားလို့ ခင်ဗျားများလားလို့ထွက်ကြည့်တာ"
ESTÁS LEYENDO
ဟောဗျာ...မောင့်လွန်းငယ် {Complete}
Romanceစိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"