part 3

936 77 0
                                    

"TaeHyung ဒီနေ့မနက်ပိုင်းအတန်းမတက်တာလား?
ကိုယ်လာရှာတာမတွေ့လို့"

Dance classမှကျွန်တော့်ကိုလာအီနေလေသောစီနီယာ
HoSeokရဲ့သူငယ်ချင်းဖြစ်သူYoo JoonWoo။ဒီနေ့
မနက်ပိုင်းအတန်းတက်ချင်စိတ်မရှိတာကြောင့်စာကြည့်တိုက်
ကိုသွားပြီးအချိန်ဖြုန်းလိုက်သည်။ပြီးတော့မှdance class
ကိုစောစောထွက်လာခဲ့လိုက်သည်။ဘယ်သူမှရောက်ပုံမပေါ်
သေးသောကြောင့်ကျွန်တော်နဲ့စီနီယာနှစ်ယောက်တည်း။

စောလာခဲ့လိုက်မိတာငါ့အမှား။

"အာ ဟုတ်ကဲ့ မနက်ပိုင်းကကျွန်တော်အတန်းမတက်ဖြစ်ဘူး
စီနီယာJoonWoo"

"hyungလို့ရင်းရင်းနှီးနှီးဘဲခေါ်ပါဆိုကွာ"

ကွိုင်ဘဲ ငါကသူ့ကိုရင်းနှီးချင်တယ်များထင်နေသလား?

"စီနီယာပြောစရာမရှိတော့ရင် ကျွန်တော်......"

"ကိုယ့်ကိုစဉ်းစားပေးပါဆို ကိုယ်ကဘာတွေလိုအပ်နေလို့
လဲ? TaeHyungဘာတွေမကြိုက်တာရှိနေလို့လဲ?
ပြောပါ ကိုယ်ကအကုန်လုံးကိုပြင်မှာမို့"

ကျွန်တော့်စကားမဆုံးခင်လက်ကိုဆွဲကာသူပြောချင်တာတွေ
ပြောနေသောစီနီယာအစ်ကိုကြီး။

ငစားဟေ့ မကြိုက်ပါဘူးဆိုတာကိုတစ်သိန်းနဲ့ဆယ့်ရှစ်ခါ
ပြောလည်းနားမလည်တာလား ဘာလား?မကြိုက်တာကြီး
ကိုငါကဘယ်လိုစဉ်းစားရမှာလဲဟ?

"ဟို စီနီယာ လက်ကိုလွှတ်ပေးပါ မကြိုက်ဘူးဆိုတာကိုလည်း
သေချာပြောခဲ့တာမို့နားလည်မယ်ထင်ပါတယ်"

ကျွန်တော်ပြောကာအတင်းရုန်းတော့လွှတ်မပေးဘဲပိုပြီးတင်း
တင်းဆုပ်ကိုင်လိုက်ကာ

"မင်းကမင်းနားမှာဝိုင်းဝိုင်းလည်နေလို့ ဘဝင်မြင့်နေတာ
လား?ငါ့လိုကောင်ကိုတောင်ပြန်မကြိုက်နိုင်ရအောင် မင်းက
ရွှေထွက်နေလို့လား?"

ပြန်မကြိုက်နိုင်ရင်ဇာတ်လမ်းကစလာကြပြီ။ပြန်မကြိုက်ချင်
လို့မကြိုက်တာလေ။ရွှေထွက်တာငွေထွက်တာတွေခဏထား။
ပြန်မကြိုက်တာကမကြိုက်ချင်လို့ဘဲပေါ့။ဘယ်တခြားစောက်
ကြောင်းပြချက်ရှိရဦးမှာလဲ?ငါပြောရင်ငါအလွန်ဖြစ်ဦးမယ်။

The cigarettes pact[completed]Where stories live. Discover now