"Tae Tae"
"HyungSik hyung"
နေကောင်းခါစမို့ဘာလေးများစားချင်နေမလဲမေးပြီးတော့
နေ့လည်စာအတူထွက်စားကြဖို့ Yugyeomနဲ့တောင်
စကားအမြန်ဖြတ်ပြီးTaeအတန်းကိုထွက်လာခဲ့လိုက်သည်။
ကော်ရစ်တာဒေါင့်ချိုးကနေအကွေ့တွင်'Tae Tae'ဆိုသော
အသံနှင့်အတူလက်နှစ်ဖက်ဆန့်တန်းထားကာကြိုလင့်နေ
သောလူချောလူခန့်လူရည်သန့်တစ်ယောက်ကိုTaeကလည်း
ပြုံးပြီးပြေးဖက်သည်။ဒေါင့်ချိုးတွင်ဘဲပြန်ရပ်နေလိုက်ကာ
ကြည့်မိတော့"မတွေ့တာတောင်ကြာပြီ ကိုယ့်Tae Taeကချောလာလိုက်
တာ"ထိုအရပ်မြင့်မြင့်နဲ့လူချောလူခန့်လူရည်သန့်အစ်ကိုကြီးသည်
Taeခေါင်းကိုဖွဖွပွတ်နေပါသေးသည်။ပြီးတော့ဘာတဲ့....
ကိုယ့်Tae Tae တဲ့။မင်းနဲ့ငါနဲ့အရပ်အတူတူဘဲနော်လို့ပြော
တတ်သော179cmရှည်သောTaeသည်လည်းထိုလူရည်
သန့်ကြီးကိုမော့ကြည့်ပြီးပြုံးပြ၍မပြီးတော့။မသိရင်အနှစ်နှစ်
အလလကွဲကွာနေကြသောသမီးရည်းစားတွေလိုပင်။မြင်ရ
တာမကြိုက်လိုက်တာ။"မြှောက်နေပြန်ပြီhyung......ဖေကြီးနဲ့မေကြီးရော
နေကောင်းကြရဲ့လား?""တွေ့ရင်လွမ်းအောင်ချွဲတယ်ဆိုတာဒီလိုမျိုးနေမယ်.....ကိုယ့်
ဆီကိုဖုန်းတစ်ချက်မဆက် ဇာတိကိုလည်းတစ်နှစ်နေလို့တစ်
ခေါက်ပြန်မလာနဲ့ ဘယ်နှနှစ်ရှိနေပြီထင်လို့လဲ?Tae Tae
တက္ကသိုလ်စတက်တည်းကဆိုရင်လေးနှစ်ဗျ လေးနှစ်သိလား
အဲ့ဒါရော?"အာ လက်စသတ်တော့Taeတို့ဇာတိချက်ကြွေမွေးရပ်မြေ
ကပေါ့။ဒါဆိုဘာလဲ မဟုတ်မှ ငယ်ချစ်?။မဖြစ်နိုင်တာ.....
Jeon JungKookဘာတွေတွေးနေတာလဲ?ငယ်ချစ်
ဆိုရင်လည်းငါတို့သိရမှာပေါ့။မသိစရာအကြောင်းမှမရှိတာ။"အဟီး"
"အဲ့ဒီလိုပြုံးပြလိုက်ရင်အရာရာကျေပြီဆိုတာကိုသိလို့ တစ်ခုခု
ဆိုလက်နက်အနေနဲ့ထုတ်ထုတ်သုံးတတ်တာနော်""hyungကလည်း"
"hyungကလည်းမနေနဲ့ နေ့လည်စာမစားရသေးဘူးမလား
Tae Tae?အတူသွားစားကြမယ်"နေ့လည်စာကငါနဲ့အတူထွက်စားတယ်ဆိုတာကိုတော့မမေ့
ဘူးမဟုတ်လားTae?
YOU ARE READING
The cigarettes pact[completed]
Romanceသံယောဇဉ်နဲ့ထပ်လို့ချည်မယ် မင်းပြီးရင်မင်းဖြစ်နေဖို့လည်း တစ်နေ့ထက်တစ်နေ့ပိုချစ်မယ် (Jeon) ဘာလို့မညားရတာလဲ? sad endingတွေမကြိုက်ပါဘူး ကွာ ခံစားရတယ် (Tae) Min YoongiကPark Jiminကလွဲရင်ဘာဆိုဘာမှ မသိဘူး သိလည်းမသိချင်သလိုစိတ်လည်းမဝင်စားဘူး (Suga) ဒီကကြိုက်...