part 24

701 42 9
                                    

"Jeon?"

ဆေးလိပ်သောက်မလို့ဝရံတာကိုထွက်လိုက်ပြီးအမှတ်တမဲ့
ခြံထဲကိုငုံ့ကြည့်မိတော့စာရေးဆရာကခြံထဲကခုံပေါ်မှာ။
ထိုင်နေပုံသည်ဆွေးဆွေးမြေ့မြေ့ပင်။သူ့ကိုကြည့်လိုက်တာနဲ့
ကိုယ်ပါအသည်းကွဲချင်လာတဲ့vibeမျိုး။အသည်းကွဲရင်​တော့
မခံစားနိုင်လောက်ဘူးလို့ပြောခဲ့တဲ့စာရေးဆရာကအသည်း
ကွဲခြင်းကိုနှဖူးတွေ့ဒူးတွေ့ကြုံလာရတဲ့အခါမှာလည်းတကယ်
ကိုအလဲလဲအကွဲကွဲ။

Chimဆီကိုစာပို့လိုက်ပြီးကျွန်တော်လည်းခြံထဲဆင်းလာ
ခဲ့လိုက်သည်။

"တစ်ယောက်တည်းသောက်နေရင်ပိုနာကျင်စရာမကောင်း
ဘူးလား?"

ဝိုင်းမှာဝင်ထိုင်ရင်းပြောလာသောTae။

"ငါ မင်းကိုအားနာလို့ပါ"

စာရေးဆရာကကျွန်တော့်ခံစားချက်တွေနဲ့ပတ်သက်ပြီးတစ်
သက်လုံးအားနာသွားမည့်ပုံ။

"အားနာတော့အသည်းကွဲတာပျောက်သွားလား?အားနာတာ
ကိုတစ်ကန့်ထားလိုက် အသည်းကွဲလို့စကားပြောဖို့အဖော်
လိုတာကိုတစ်ကန့်ထားလိုက် ဖြစ်တယ်မလား?"

Taeကခပ်ရေးရေးပြုံးကာပြောလာသည်။တကယ်ဆိုသူ့
အတွက်လည်းရင်ဖွင့်ပြောပြဖို့လိုအပ်ပါသည်။အပူတွေမမျှ
ချင်ပေမယ့်လည်းပေါ့လေ။တစ်ယောက်တည်းသောက်လိုက်
ခံစားလိုက်ဆိုရင်ကြာလျှင်အဆင်မပြေနိုင်ပါ။အခုလည်းအဆင်
ပြေနေတာတော့မဟုတ်။

"Chimနဲ့ပြန်မညှိတော့ဘူးလား?"

မသောက်နိုင်ပေမယ့်လည်းသူနဲ့အတူလိုက်သောက်ပေးပြီး
စကားစသည်။

"အင်း ဖြစ်ဖြစ်ချင်းတော့ငါပြန်ညှိဖို့ကြိုးစားမယ်ပေါ့ ဒါပေမယ့်
လည်းJiminပြောသလိုဘဲ ငါတို့ကရှေ့ဆက်သွားလည်း
ဒီပြဿနာဘဲတက်နေကြဦးမှာ သူလည်းစိတ်ပင်ပန်း ငါလည်း
စိတ်ပင်ပန်းနဲ့သံသရာလည်နေကြမှာဘဲလေ အဲ့ဒီတော့ငါသေ
ချာစဉ်းစားပြီးဆုံးဖြတ်လိုက်တာ ရှေ့မဆက်ကြတာအကောင်း
ဆုံးဘဲလို့"

ပြောပြီးခွက်ထဲကအရက်ပြင်းပြင်းတွေကိုတစ်ကျိုက်တည်း
မော့ပစ်လိုက်သောစာရေးဆရာ။ဒီပုံအတိုင်းဆိုရင်အကောင်း
တိုင်းရှိနေတဲ့အူတွေအသည်းတွေကလစ်တော့မှာမကြာမှီ
လာမည်ဘဲ။

The cigarettes pact[completed]Où les histoires vivent. Découvrez maintenant