"ကိုကို"
အသံချိုချိုလေးနဲ့အတူဖြူဖြူလုံးလုံးနှင့်ချစ်ရသူသည်ရုံးခန်းထဲ
ဝင်ဝင်ချင်းသူ့ကိုခေါ်လေသည်။Park Jiminကသိပ်ကို
ချစ်စရာကောင်းတာ။"ဘေဘီ လကုန်စာရင်းတွေရှင်းပေးခဲ့ပြီလား?"
လကုန်ပြီးဆိုတော့လကုန် ငွေအဝင်အထွက်တွေရှင်း၊
လစာစာရင်းနဲ့bonusပေးထားတဲ့စာရင်းတွေပြန်စစ်ပြီး
ဆိုင်အတွက်လိုတာတွေလိုက်ဝယ်ပေးနဲ့ ကိုကို့ဆီကို
သူအလုပ်ဆင်းခါနီးမှရောက်တော့သည်။"အကုန်လုံးပြီးခဲ့ပြီ ကိုကို"
"ဒါဆိုခဏနော် ကိုယ်စာမူလေးပြန်စစ်နေတာပြီးတော့မယ်
အဲ့ဒါပြီးရင်ပြန်ကြမယ် mommyကိုယ့်ကိုဖုန်းဆက်တယ်
အပြန်အိမ်ဝင်ခဲ့ကြတဲ့ ညနေစာအတူစားကြမယ်တဲ့"Genius Labဆိုတာဝုန်းဒိုင်းဆိုပြီးဖြစ်လာတာမဟုတ်....
ကိုကို့အချိန်တွေကုန်လူပင်ပန်းခံပြီးအချိန်ကာလတစ်ခုပေး
ကာတည်ဆောက်ထားခဲ့သော ကိုကို့ရဲ့လောက။ထို့ကြောင့်
ကိုကိုသည်အလုပ်ကိုတန်ဖိုးထားသည်။အပ်လာတဲ့စာမူတွေ
ကိုသူကိုယ်တိုင်ပြန်စစ်ပြီးမှပုံနှိပ်ဖို့အဆင့်ဆင့်ပြန်သွားတာ။"mommyကကျွန်တော့်ကိုပြောမရမှာသိလို့ ကိုကို့ဆီ
ဆက်ပြီးအပူကပ်တာ"Jiminသည်ထုံးစံအတိုင်းအေးအေးလူလူပေါ့ပေါ့ပါးပါး
ပြောကာ သူ့စားပွဲရှေ့ကဆိုဖာရှည်မှာလှဲလိုက်သေးသည်။"ဟုတ်မှာပေါ့ ဒီကလေးလေးကကိုယ့်ဆီမှာဘဲရှိနေတော့
သူလည်းလွမ်းရှာမှာပေါ့"သူလည်းစာမူကိုသေချာစစ်ရင်းပါးစပ်ကနေလည်းချစ်ရသူကို
စကားလှမ်းလှမ်းပြောရသေးသည်။တော်ကြာနေ သူ့ကိုပစ်
ထားပါတယ်ဆိုပြီးရွှေစိတ်တော်ညိုသွားမှဖြင့် ဒီကကောင်က
စိတ်ကျန်းမာရေးဆေးရုံပြေးနေရမှာ။"ကိုကို့ဆီမှာဘဲရှိနေတော့ ဘာလို့လဲ?ခေါ်မထားချင်လို့များ
လား ကိုကို?"'ခေါ်မထားချင်လို့များလားကိုကို'ဆိုသောစကားစုသည်ရိုးရိုး
ရှင်းရှင်းပါဘဲ။ဒါပေမယ့်Min Sugaတို့ရူးမယ်ဆို အလုံ
အလောက်ရူးသွားနိုင်တဲ့အနေအထားပါ။Park Jiminကို
အဲ့ဒီလောက်ကိုချစ်တာပါ။မဟုတ်သေးဘူး......ချစ်ရသူကို
သူအဲ့ဒီထက်ကိုပိုချစ်ပါသည်။Seokkieပြောသလိုပါဘဲ
သူသည်၅/Park Jiminကိုအပျောက်မခံနိုင် ပါဘဲ။
YOU ARE READING
The cigarettes pact[completed]
Romanceသံယောဇဉ်နဲ့ထပ်လို့ချည်မယ် မင်းပြီးရင်မင်းဖြစ်နေဖို့လည်း တစ်နေ့ထက်တစ်နေ့ပိုချစ်မယ် (Jeon) ဘာလို့မညားရတာလဲ? sad endingတွေမကြိုက်ပါဘူး ကွာ ခံစားရတယ် (Tae) Min YoongiကPark Jiminကလွဲရင်ဘာဆိုဘာမှ မသိဘူး သိလည်းမသိချင်သလိုစိတ်လည်းမဝင်စားဘူး (Suga) ဒီကကြိုက်...