"TaeHyung?"
"ဟုတ်ကဲ့ အော် Suga hyung....ခဏ စာရေးဆရာ
လည်းပါတယ် Jeon.....Jeon ဒီမှာSuga hyung"နောက်ကျောပေးထားသောပိန်ပိန်သွယ်သွယ်အရပ်ရှည်ရှည်
နဲ့ကောင်လေးသည်TaeHyungဟုတ်မဟုတ်ကိုသေချာ
ကြည့်ရသေးသည်။ဘေးတစောင်းအနေအထားနဲ့မြင်လိုက်
ရမှလာနှုတ်ဆက်လိုက်တာ။Sweaterပါးလေးကအဖြူ
ရောင်လေးကိုမှဘောင်းဘီကအညိုရောင်နှင့်တွဲဝတ်ထား
သောTaeHyungသည်ရိုးရိုးလေးဝတ်ထားပေမယ့်မြင်သူ
တိုင်းကလည်ပြန်ကာကြည့်ရသည်အထိဆန်းဆန်းပြားပြား။သူကနှုတ်ဆက်တော့လည်းစာရေးဆရာJeonပါပါလာသည်
ကိုအသိပေးကာလှမ်းခေါ်လေသည်။အိမ်အတွက်လိုတာတွေ
လာဝယ်ရင်းတွေ့ကြတာမို့နေရာကsupermarket။
TaeHyungသည်နည်းနည်းလှမ်းသောနေရာကနေ
စာရေးဆရာကိုအော်ခေါ်လိုက်သောကြောင့်လူတွေကသူတို့
ကိုကွက်ကြည့်ကွက်ကြည့်။သူကသာအားနာပါးနာနဲ့ပြုံးပြီး
တောင်းပန်တဲ့ပုံလုပ်တာ၊မောင်မင်းကြီးသားကစာရေးဆရာ
လာရာကိုမျက်တောင်တစ်ချက်မခတ်ဘဲကြည့်နေလေသည်။
စာရေးဆရာကလွဲလို့ဘာကိုမှမြင်တဲ့ပုံမပေါက်။"Min hyung"
"အေး လိုတာလာဝယ်တာ"
မသိတဲ့သူတွေဆိုရင်Min YoonGiစကားပြောတာ
တစ်မျိုးဘဲလို့ထင်ကြမှာအမှန်။သူ့typeတွေမtypeတာတွေ
ကိုစဉ်းစားနေကြမှာမဟုတ်။Min YoonGiလိုလူမျိုးက
အပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့ရတဲ့သူတွေထဲမှာမပါ။Don't judge a book by its cover!ဆိုတဲ့
အတိုင်းပေါ့။Min YoonGiသည်လည်းအပြင်ပိုင်း
အေးစက်စက်ပုံပေါက်ပေမယ့်နှလုံးသားသည်နွေးနွေးထွေး
ထွေး။ဂရုစိုက်တာကလည်းအသေးအဖွဲလေးကအစဂရုစိုက်
ပေးတတ်ပါသေးသည်။သူများကိုကောင်းကွက်လေးတွေကို
ဘဲမြင်ပေးတတ်ပြီးချီးကျူးတတ်ပါသေးသည်။"အပြန်ဘယ်သွားစရာရှိသေးလဲSuga hyung?တစ်ခုခု
သွားစားကြမလား?"Taeသည်ပေါင်းသင်းဆက်ဆံရေးတွင်တကယ်ကိုအဆင့်
တစ်။အပြုံးတွေတင်မကပါဘဲအသံသြရှရှလေးကပါမပါ
မဖြစ်။အကြည့်စူးစူးတွေသည်လည်းသိပ်ကိုဆွဲဆောင်မှု့ရှိ
တဲ့ကောင်ချောလေးတစ်ယောက်ဖြစ်အောင်ဖြည့်စွက်ပေးနေ
သေးသည်။အခုလည်းဘဲMin hyungကိုတစ်ခုခုသွား
စားကြဖို့ခေါ်နေပြန်သည်။
YOU ARE READING
The cigarettes pact[completed]
Romanceသံယောဇဉ်နဲ့ထပ်လို့ချည်မယ် မင်းပြီးရင်မင်းဖြစ်နေဖို့လည်း တစ်နေ့ထက်တစ်နေ့ပိုချစ်မယ် (Jeon) ဘာလို့မညားရတာလဲ? sad endingတွေမကြိုက်ပါဘူး ကွာ ခံစားရတယ် (Tae) Min YoongiကPark Jiminကလွဲရင်ဘာဆိုဘာမှ မသိဘူး သိလည်းမသိချင်သလိုစိတ်လည်းမဝင်စားဘူး (Suga) ဒီကကြိုက်...