"Taeရေ....ငါဝင်လာမယ်နော်"
မနက်အတန်းချိန်သည်အရေးကြီးသော်လည်းTaeကဆင်း
မလာသေးလို့အပေါ်ထပ်တက်ခဲ့လိုက်ပြီးအခန်းတံခါးခေါက်
သော်လည်းတုံ့ပြန်မှု့ကမလာ။အထဲကမကြားဘူးဆိုပေမယ့်
လည်းအသိပေးပြီးဝင်တာဘဲလေ။"Tae"
အိပ်ပုတ်သည်တုပ်တုပ်မျှမလှုပ်လာပါ။မနက်ဆိုလျှင်မထချင်
တဲ့အကျင့်ကြီးကိုလည်းဘယ်လိုဘယ်လောက်ပြင်ပေးပြင်ပေး
မရပါ။"Tae.....ထတော့ မနက်စာစားရအောင် အတန်းရှိတယ်
မလားဒီနေ့?""အင်း....."
အင်းဆိုသောသံရှည်ဆွဲအပြောတွင်မထချင်သေးတဲ့အရိပ်
အသံတွေသည်နောက်ကကပ်လျက်။"အင်းကိုနောက်ထား လူအရင်ထ.....ဟင် ဖျားနေတာလား?
လက်တွေကပူလို့ မှန်း"စောင်ကိုအဖယ်လက်ကိုဆွဲအထူတွင်အထိအတွေ့သည်ပူလှ
ပါသည်။နှဖူးပေါ်ကိုလက်တင်ပြီးစမ်းကြည့်မိတော့....Tae
ဖျားပြန်ပါပြီ။ခုနက'အင်း'ကအပျင်းကြီးလို့မဟုတ်ပါဘဲညည်း
တာပေါ့?"ဖျားနေပြီTae"
"အင်း မင်းအတန်းအရေးကြီးတယ်မလား?သွားလိုက်လေ
ငါကရတယ်"ပြောလာသောအသံကအစဖျော့ဖျော့တော့တော့။လူကမှသေး
သေးသွယ်သွယ်ပါဆိုနေခဏခဏဖျားနေတော့ဒီထက်ကို
ပိုပိန်သွားမလားဘဲ။ဆေးခန်းပြရင်းတစ်ခါတည်းအားဆေး
အတွက်ပါဆေးညွှန်းတောင်းရမည်။"တစ်ယောက်တည်းဘာကရတာလဲ?အတန်းကမတက်တော့ဘူး ခဏနော် ငါ Yugyeomကိုဖုန်းဆက်လိုက်ဦးမယ်
ပြီးရင်ရေပတ်တိုက်ပေးမယ် မနက်စာစားပြီးရင်ဆေးခန်းသွား
ရမယ်Tae"နှဖူးကိုတစ်ချက်ပြန်စမ်းကြည့်ပြီးအခန်းထဲကပြန်ထွက်သွား
သောစာရေးဆရာ။ခဏကြာတော့ရေဇလုံကိုင်ပြီးပြန်ဝင်လာ
သည်။ကျွန်တော့်ဗီဒိုထဲကtowelအသေးနှစ်ထည်ကိုထုတ်
လာပြီးရေဇလုံထဲထည့်နှစ်လိုက်သည်။တစ်ထည်ကိုနှဖူးမှာ
တင်ပေးပြီးနောက်တစ်ထည်နှင့်လက်တွေလည်ပင်းတွေကို
ပွတ်ပေးလေသည်။"ကိုယ်ပူကခုနကလောက်မပူတော့ဘူး အင်္ကျီလဲရအောင်Tae
လဲပေးမယ်""ဟင့်အင်း ရတယ် ငါ့ဘာသာလဲမယ် မင်းခဏထွက်ပေး"
YOU ARE READING
The cigarettes pact[completed]
Romanceသံယောဇဉ်နဲ့ထပ်လို့ချည်မယ် မင်းပြီးရင်မင်းဖြစ်နေဖို့လည်း တစ်နေ့ထက်တစ်နေ့ပိုချစ်မယ် (Jeon) ဘာလို့မညားရတာလဲ? sad endingတွေမကြိုက်ပါဘူး ကွာ ခံစားရတယ် (Tae) Min YoongiကPark Jiminကလွဲရင်ဘာဆိုဘာမှ မသိဘူး သိလည်းမသိချင်သလိုစိတ်လည်းမဝင်စားဘူး (Suga) ဒီကကြိုက်...