အိပ်ပျော်ရုံလေးရှိသေးတယ်.....တစ်ဖက်ခန်းကသားအသံ
သည် ကုတင်ဘေးက စားပွဲပေါ်တွင်ထောင်ထားသော
speakerphoneမှတစ်ဆင့်ထွက်ပေါ်လာတာကျယ်
ကျယ်လောင်လောင်။အိပ်ချင်မူးတူးနဲ့ထမယ်အလုပ်"Tae နေ....နေ ကိုယ်ဘဲသွားလိုက်မယ် အိပ် အိပ်"
စာရေးဆရာသည်ကျွန်တော့်ကိုပြန်အိပ်စေပြီးသူထသွားသည်။
ကလေးမွေးပြီးနောက်တစ်ပတ်မှာTak DoYunက
ကျောင်းဆက်တက်ဖို့ဆုံးဖြတ်ထားတာကိုအိမ်ကိုပြောပြလေ
သည်။ကလေးကိုသံယောဇဉ်ရှိတာသူမမျက်ဝန်းတွေမှာ
အထင်းသားပင်။သို့သော်လည်းစိတ်ဒဏ်ရာများခဲ့သောမိန်းမ
သားတစ်ယောက်အနေဖြင့်ဆုံးဖြတ်ချက်ပြတ်သားတာကို
လည်းအပြစ်ဆို၍မရပါ။သူမဆုံးဖြတ်ချက်ကိုလေးစားသော
အားဖြင့်ကျွန်တော်တို့အားလုံးကသူမသဘောအတိုင်း အကုန်
လုံးကိုဖြည့်ဆည်းပေးခဲ့ကြသည်။အခုသူမသည်Parisမှာ။ကလေးကိုတွေ့ချင်ရင်အချိန်မရွေးတွေ့လို့ရတဲ့အကြောင်းကို
ပါ စာရေးဆရာက လေအေးလေးနဲ့ပြောခဲ့ပြန်ပါသေးသည်။"ဟော Tae....ဘာလို့ထလိုက်လာတာလဲ?ပင်ပန်းမှာစိုးလို့
တောင်ပြန်အိပ်ခိုင်းခဲ့တာလေကွာ"သားကိုချီကာနို့ဗူးတိုက်ရင်းလမ်းလျှောက်နေသောJeon
သည် အခန်းထဲဝင်လာသောကျွန်တော့်ကိုမြင်တော့စကားသံ
တိုးတိုးနှင့်ပြောလေသည်။သူ့သားနိုးသွားမှာကစိုးရိမ်နေသေး
တာ။"ယောကျာ်းတစ်ယောက်တည်းဖြစ်နေမှာစိုးလို့"
သားကိုပွေ့ချီပြီးချော့နေသောJeonနားကိုလျှောက်သွားလိုက်
ရင်းနဲ့ပြောကာ Jeonခါးကိုဖက်ရင်းပုခုံးပေါ်မျက်နှာအပ်လိုက်သည်။"ရော် ကိုယ့်အိမ်သားကယောကျာ်းကိုခဏလေးကိုမခွဲနိုင်
တာပေါ့....ဒါမှမဟုတ်သားလိုပွေ့ချီပြီးပြန်သိပ်ရမလား?""ပွေ့ချီစရာမလိုပါဘူး မင်းရှိရင်ဖြစ်တယ် စာရေးဆရာ"
"ကလေးချီထားလို့ကိုယ့်နှလုံးသားလေးသက်သာသွားတယ်
မှတ်""မင့်သားကပြန်အိပ်ပျော်သွားပြီ ပုခက်ထဲသွားပြန်ထည့်ပေး
လိုက်ဦး အားတိုင်းချီမနေနဲ့ လက်ကြိုက်သွားဦးမယ်"
YOU ARE READING
The cigarettes pact[completed]
Romanceသံယောဇဉ်နဲ့ထပ်လို့ချည်မယ် မင်းပြီးရင်မင်းဖြစ်နေဖို့လည်း တစ်နေ့ထက်တစ်နေ့ပိုချစ်မယ် (Jeon) ဘာလို့မညားရတာလဲ? sad endingတွေမကြိုက်ပါဘူး ကွာ ခံစားရတယ် (Tae) Min YoongiကPark Jiminကလွဲရင်ဘာဆိုဘာမှ မသိဘူး သိလည်းမသိချင်သလိုစိတ်လည်းမဝင်စားဘူး (Suga) ဒီကကြိုက်...