"Tae"
"Tae"
"ဟမ် အော အော Jeon"
အတွေးတွေလွန်နေသောနှလုံးသားလေးသည်ခေါ်မကြား၊
အော်မကြား။လက်ချောင်းသွယ်လေးတွေကိုဆုပ်ကိုင်ရင်း
အသံtoneမြှင့်ခေါ်လိုက်မှအသိဝင်တော့သည်။"ဘာတွေတွေးနေတာလဲ?အေးလာပြီ အထဲဝင်စို့လို့"
"အော အော ဝင်မယ်လေ စာရေးဆရာ"
ညဖက်တွေဝရံတာမှထွက်ထိုင်ကြရင်းရောက်တတ်ရာရာပြော
ကြတာကပင် ကြည်နူးစရာလေးဖြစ်ပြန်ပါသည်။ဒီနေ့တော့
သူကလည်းသူ့အတွေးနဲ့သူ၊Taeသည်လည်းTaeအတွေးနဲ့
Tae။စကားမပြောဖြစ်ပေမယ့်Taeဘာတွေးနေလဲသူသိနေ
ပါသည်။"Tae"
"ဟင်"
"လက်ထပ်တာကိုနောက်နှစ်လောက်မှစီစဉ်ကြမလား?"
မွေ့ရာပေါ်မှာစာရေးဆရာရဲ့ရင်ခွင်ထဲဝင်ကာ သူပြောသော
အကြောင်းအရာအမျိုးမျိုးကိုငြိမ်ပြီးနားထောင်ပေးရင်း တစ်ခါ
တလေလည်းလိုတာလေးတွေဖြည့်ပြောတတ်သောကျွန်တော့်
ကို Jeonပြောလာသောစကားကweddingကိုကျွန်တော်
တို့စဉ်းစားထားတဲ့အချိန်ထက်တစ်နှစ်နောက်ဆုတ်ဖို့။"ဘာလို့လဲJeon?ငါ့ကို.....ငါ့ကို...."
"ရှူး ဘာတွေလျှောက်တွေးလိုက်တာလဲကွာ?ငါ့မှာမင်းကို
ချစ်ရတာတစ်နေ့တစ်မျိုးတောင် ချစ်လို့မဝတာကွာ....ထားသွား
ဖို့ကိုဘယ်လိုစိတ်နဲ့တွေးရမှာတဲ့လဲ?"အနာဂတ်ရဲ့ဆိုင်သူပိုင်သူလေးသည်သူပြောတာကို တခြား
အဓိပ္ပါယ်တွေဆွဲတွေးနေတော့လည်း သူ့မှာပြာပြာသလဲ
ခလုတ်တိုက်မတတ်၊တရစပ်ပြန်ရှင်းပြရပြန်ပါသည်။တော်
ကြာနေ စိတ်ခုသွားခါမှဖြင့်ဒီကကောင်ကရူးရချည်ရဲ့ဗျာ။"ဒါဆိုဘာလို့လဲJeon?"
"Tak DoYunရဲ့ကလေးကိုငါတို့မွေးကြမလားလို့လေ"
စာရေးဆရာပြောတာကTak DoYunရဲ့ကလေးကိုမွေး
ဖို့လား?ကလေးကိုမွေးဖို့?"ဟမ် ဘာ ဘာကြီး စာရေးဆရာ?"
"ကလေးလေ သူ့ကလေးကိုငါတို့မွေးကြမလားလို့....သူက
ကလေးကိုလည်းမလိုချင်သလို လူသိလည်းမခံချင်ဘူးမို့
ဒီလိုလုပ်မိလုပ်ရာလုပ်လိုက်တာပါဆို သူပြောတယ်မလား?
ကလေးကဘာအပြစ်ရှိလို့လဲ?ငါတို့နဲ့ကံပါလာလို့ ဒီအဖြစ်
အပျက်ကိုငါတို့သိရတာလေ အဲ့ဒီတော့ငါတို့ကသူ့ကလေးကို
မွေးကြမယ်လို့"
YOU ARE READING
The cigarettes pact[completed]
Romanceသံယောဇဉ်နဲ့ထပ်လို့ချည်မယ် မင်းပြီးရင်မင်းဖြစ်နေဖို့လည်း တစ်နေ့ထက်တစ်နေ့ပိုချစ်မယ် (Jeon) ဘာလို့မညားရတာလဲ? sad endingတွေမကြိုက်ပါဘူး ကွာ ခံစားရတယ် (Tae) Min YoongiကPark Jiminကလွဲရင်ဘာဆိုဘာမှ မသိဘူး သိလည်းမသိချင်သလိုစိတ်လည်းမဝင်စားဘူး (Suga) ဒီကကြိုက်...