part 59

660 41 6
                                    

"ဘွားမြေးလေးရက်တစ်ရာပြည့်ကနေနောင်နှစ်တွေအများကြီး
ထိချစ်ရတဲ့သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း
နေနိုင်ပါစေ"

အမေသည်သူ့မြေးကို​ခေါင်းလေးကနေဖွဖွပွတ်ကာဆုတောင်း
ပေးလေသည်။အဖေကတော့သူ့မိန်းမကိုကြည့်ပြီးပြုံးလို့။

"အဖွားရဲ့HyungMinလေး ဘဝတစ်လျှောက်လုံးမပူ
မပင်ရဘဲအရွယ်ရောက်လာတဲ့အခါလည်းပိုက်ဆံတွေအများ
ကြီးရှာနိုင်ပြီး အပူအပင်မရှိနေနိုင်ပါစေ"

မေကြီးသည်လည်းသူ့မြေးနှဖူးလေးကိုနမ်းကာဆုတောင်းပေး
လေသည်။ဖေကြီးကတော့Kim HwaJinက တောက်တဲ့
ကပ်သလိုကပ်နေသည်ကိုဖြေရှင်းနေလေသည်။

သူ့ဦးလေးတွေရော၊သူ့အစ်မရောပါဝိုင်းပြီးဆုတွေတောင်းပေး
ကြလေတော့သားသည်သဘောအကျကြီးကျနေလေသည်။
ပူဖောင်းတွေကိုကြည့်ကာလှုပ်စိလှုပ်စိ။

"ကဲ သားရေ....ဒီထဲကတစ်ခုကိုရွေးပေးဦး"

ဓလေ့ထုံးတမ်းတွေအရသားကြီးလာရင်ဘာဖြစ်မယ်၊ညာဖြစ်
မယ်ဆိုတာကိုရွေးခိုင်းနေခြင်း။သားသည်ထိုပစ္စည်းများကို
စိတ်မဝင်စားဘဲHobi hyungကိုခေါ်ခိုင်းလေသည်။

"ခေါ်မှာပေါ့ သားသားကအခုဒီထဲကတစ်ခုရွေးလိုက်ဦးနော်
samchonခေါ်မယ်"

နေရောင်ခြည်လေးလိုနွေးနွေးထွေးထွေးရှိတဲ့trainerကြီး
သည် သားသားကိုပြုံးပြကာပြောနေသောလေသံလေးကိုက
တကယ်ကိုကြည်ကြည်လင်လင်ချိုချိုမြမြ။

"ဖေJiသားလေးကဒါလေးရွေးလိုက်ဦး ပြီးမှHoSeok
samchonဆီသွားလေ"

Jiminသည်သူ့တူတော်မောင်ကိုကျောလေးကနေပွတ်ကာ
ချော့ပြောလေးပြောလေသည်။Suga hyungကတော့
အနေတည်သူပီပီခပ်ပြုံးပြုံးဘဲကြည့်နေကာဘာမှဝင်မပြော။

"အငယ်လေး first,you have to choose one
and I'll also choose"

သူ့အမပြောတော့ကျချက်ချင်းတွေစားပွဲပေါ်ကပါချင်တာပါ
ပစ္စည်းတစ်ခုကိုကောက်ဆွဲလေသည်။လက်ထဲပါလာတာက
stetho။သူ့အမက​ကောက်ကိုင်လိုက်တာလည်းstetho။
ဒီမောင်နှမနှစ်ယောက်ကတော့။

"ဟုတ်ပြီ ဟုတ်ပြီ samchonခေါ်မယ်နော်"

ရွေးပြီးရုံရှိသေးတာကိုHobi hyungဆီကိုဇွတ်ကော့ထိုး
ချတော့သူ့ဦးလေးကပါးစပ်ကပြာပြာသလဲပြောရင်းဖမ်းလိုက်ရ
သေးသည်။တကယ်သန်တဲ့ကောင်။ဒါတောင်ရက်တစ်ရာရှိ
သေးတာရယ်။

The cigarettes pact[completed]Where stories live. Discover now