part 41

827 54 21
                                    

"စာရေးဆရာရေ....Jeon....အချစ်....မင်းကဘယ်မှာလဲ?"

"မီးဖိုခန်းထဲမှာTae"

Joonieနဲ့Jin hyungသည်ဆိုင်တိုးချဲ့ဖို့ကိစ္စနဲ့အလုပ်တွေ
ရှုပ်နေကြသည်မို့တူမတော်ကိုသွားခေါ်လာခဲ့သည်။စာရေး
ဆရာကကျွန်တော့်ကိုတစ်ယောက်တည်းမလွှတ်ချင်ပေမယ့်
သူသည်လည်းSuga hyungနဲ့ချိန်းထားသေးသည်မို့
ကိုယ့်ဘာသာဘဲထွက်လာခဲ့လိုက်တော့သည်။ကျွန်တော်ပြန်
ရောက်တော့သူ့ကားကိုခြံထဲမှာတွေ့လိုက်ရတော့တူမတော်ကို
ကားပေါ်ကနေပွေ့ချီကာအပြေးတစ်ပိုင်းနဲ့အိမ်ထဲဝင်ရင်းပါးစပ်
ကနေလည်းချစ်စနိုးနဲ့အမျိုးမျိုးခေါ်မိသေးသည်။

"ဘာလုပ်နေတာလဲ ငါ့ကောင်လေးက?"

"HwaJinအတွက်လေ ကွတ်ကီးလုပ်ပေးနေတာ.....
ovenထဲထည့်ထားတယ် ခဏနေရင်ရပြီ"

"Kim TaeHyungလား Kim HwaJinလား
စာရေးဆရာ?"

"ဘာကိုလဲ?"

"ဘာကို ဘာကိုလဲ လဲ?Kim TaeHyungကိုပိုချစ်
တာလား?Kim HwaJinကိုပိုချစ်တာလားလို့မေးတာ"

သူ့တူမကိုချီထားရင်းစူပုတ်ပုတ်လေးလုပ်ကာမေးသောTae
သည်ဆွဲဖက်ထားချင်စရာတအားကောင်းနေပြန်ပါသည်။
အခုမှခေါ်လာတဲ့တူမတော်နဲ့သူနဲ့ဘယ်သူ့ကိုပိုချစ်သလဲဆို
ပြီးတော့ကလေးလိုဂျီကျခါမေးနေပုံလေးကိုသူတော်တော်
အသည်းယားနေပြီဖြစ်သည်။

"ကွတ်ကီးလုပ်ပေးနေလို့လား?ကလေးဗိုက်ဆာရင်ဘာကျွေး
ရမယ်မသိလို့ပါကွာ မင်းကိုပိုတာပေါ့ ဘယ်သူနဲ့နေနေမင်းကို
ဘဲ"

"စာရေးဆရာနော် ပြောတဲ့စကားတည်ပါစေ မဟုတ်လို့က
တော့သတ်ပစ်မှာ"

Taeသည်အချစ်ကြီးသလိုအမျက်ကြီးသည်ဆိုတဲ့typeမျိုး
ဆိုတာသူသိသည်။သူသည်လည်းမမှန်မကန်လုပ်တာမျိုးမရှိ
သလို၊သူ့အပေါ်လည်းအဲ့ဒီလိုမမှန်မကန်လုပ်ရပ်မျိုးလုပ်တဲ့သူ
ကို သူနာကျင်သလိုနာကျင်ရအောင်လုပ်ရမှကျေနပ်မယ့်သူမျိုး။

"စိတ်ကြီးလိုက်တာဗျာ.....ဟုတ်ပါပြီ ဒီကောင်ကပြောပြီးတဲ့
စကားကိုတည်တာမို့ စိတ်ချနော် ကဲ အခုHwaJinကို
အောက်ချပေးလိုက်ဦး Taeလည်းညောင်းနေတော့မယ်"

The cigarettes pact[completed]Where stories live. Discover now