part 33

789 57 2
                                    

"Kim HwaJin လုပ်ချလိုက်ပြန်ပြီ တကယ်ကိုဘဲ....
ဒီအကျင့်ကျမှဘာလို့Kim NamJoonနဲ့လာတူရတာ
လဲ?"

သမီးသည်သူပြောဆိုနေတာကိုကြောက်လန့်နေတဲ့ပုံမပေါက်
တဲ့အပြင်သူ့ကိုကြည့်ပြီးရယ်နေသေးသည်။ဆော့နေတဲ့ဘိုမ
ရုပ်လေးသည်လက်ကျိုးသွားပြီဖြစ်သည်။Kim HwaJin
ကတကယ်ကိုဘဲ။

"ပါး ရေ သမီးကတမင်လုပ်တာမှမဟုတ်တာ"

"တမင်လုပ်ကြည့်ပါလား?"

အိပ်ခန်းထဲကထွက်လာသောလူရိုးလူအေးကြီးကသူ့ကို
လေပြေလေးနဲ့ပြောလာပေမယ့်လည်းသူကတော့လေပြေ
လေးနဲ့ပြန်မတုံ့ပြန်နိုင်တော့။သူတို့သားအဖရဲ့ချိုးသမျှတွေကို
လိုက်ရှင်းရတာတစ်နေ့တစ်နေ့အခေါက်ပေါင်းဘယ်လောက်
လဲဆိုတာရေလို့တောင်မရနိုင်တော့။

"ဟုတ်ပါပြီကွာ မောင်ကသိတာမို့မောင့်အသက်ကစိတ်လျှော့
သမီးက ပါး ကိုကြည့်ပြီးရီနေပြီ....ဟမ် ဘယ်ရောက်သွား
ပြီလဲ? HwaJin သမီး"

ဧည့်ခန်းကကော်ဇောမှာဆော့နေရင်းဘယ်ထထွက်သွားပြန်
ပြီမသိပါ။Kim HwaJinကတစ်နှစ်ခွဲပြီးတဲ့နောက်သူ့
ကိုယ်သူလူကြီးတစ်ယောက်လို့ဘဲသတ်မှတ်ပစ်လိုက်တာလား
မသိပါ။အရာရာကိုသူ့ဘာသာကြိုးစားပြီးလုပ်သည်။မနိုင်တဲ့
အခါမှသာ 'ပါး' 'dad' အဲ့ဒီလိုလာခေါ်တာ။စကားကလည်း
ပီလာတဲ့အပြင်လည်တာမှပြောမနေနဲ့တော့။

"dad"

သူ့နို့ဗူးကိုကိုင်ကာထမင်းစားခန်းကနေထွက်လာရင်းအသံ
ပေးသည်။လက်စသတ်တော့နို့ဗူးသွားယူတာကိုး။သမီးနဲ့
သက်ဆိုင်တဲ့ပစ္စည်းတွေဆိုရင်သမီးမှီတဲ့နေရာမှာဘဲထားပေး
တတ်သောလူရိုးလူအေးကြီးသည် သူ့သမီးကသူ့ဘာသာအားကိုးပြီးသူလုပ်နိုင်သမျှအရာတွေကိုလုပ်နေတာမြင်ရင်ကြည်
ကြည်နူးနူးပြုံးကြည့်နေတတ်ပါသည်။

"လာပါဦး daddyဆီကို"

သူ့daddyကပြောကာကော်ဇောပေါ်ထိုင်ချလိုက်တော့
သမီးဖြစ်သူကာသူ့နို့ဗူးသူကိုင်ကာလှုပ်တုပ်လှုပ်တုပ်နဲ့ပြေးလာ
သည်။

"အမလေးဗျာ ဖြေးဖြေးလာပါ daddyသမီးလေးချော်လဲနေ
ပါ့မယ်"

အဲ့ဒီလိုကဲသည်းနေတာပါဆိုKim NamJoonက။

The cigarettes pact[completed]Donde viven las historias. Descúbrelo ahora