"ရောက်တာစောသားဘဲ ဝင်ကြ ဝင်....မေကြီးရေ မင့်သား
ငယ်တို့ရောက်ပြီဟေ့"Taeဖေဖေသည်ခြံဝထိကိုယ်တိုင်တံခါးဆင်းဖွင့်ကာလာကြို
သည်။အိမ်ထဲရောက်တာနဲ့ဇနီးသည်ကိုပါအော်ခေါ်လေ
သည်။"လာပြီတော် လာပြီ.....အမယ်လေး မေကြီးသားငယ်လေး
ချောလာလိုက်တာ"apronကိုဝတ်ထားပြီးညာဖက်လက်ကယောင်းမကိုင်လျက်
မီးဖိုခန်းကနေအသံပေးရင်းထွက်လာပြီးသူ့သားငယ်ကိုအရင်
ပြေးဖက်ပြီးအလွမ်းသယ်သောTaeမေမေ။"မြှောက်ပြန်ပြီ ma'am Kimတို့က"
"ကိုယ့်ကင်မ်ချီမှကိုယ်မချဉ်ဘယ်သူချဉ်မလဲကွာ ဟား ဟား"
Taeဖေဖေသည်ရယ်ရယ်မောမောနှင့်ပင်ဝင်စ,တော့Tae
မေမေ၏မျက်စောင်းဒဏ်ကိုခံလိုက်ရသေးသည်။"သားJungကလည်းချောလာလိုက်တာ ကြည့်ပါဦး.....
အဖေတို့အမေတို့နေကောင်းကြတယ်မလား သား?""ဟုတ် မေကြီး.....နေကောင်းကြပါတယ် ဖေကြီးနဲ့မေကြီး
ရော?လာဖို့ကိုပြောကြရင်းနဲ့မရောက်ဖြစ်နေတာ"ကျွန်တော်ရော၊စာရေးဆရာရော၊Chimရောကသုံးယောက်လုံးရဲ့မိဘတွေကိုကိုယ်ခေါ်သလိုသာလိုက်ခေါ်ခဲ့ကြသည်။
ကျွန်တော်ကဖေကြီး၊မေကြီးခေါ်သလိုသူတို့နှစ်ယောက်သည်
လည်းကျွန်တော့်မိဘတွေကိုဖေကြီး၊မေကြီးပင်။စာရေးဆရာ
ဆိုလျှင်သူ့မိဘတွေကိုအဖေ၊အမေဆိုတော့ကျွန်တော်နဲ့
Chimကပါအဖေနဲ့အမေ။Chimရဲ့mommyကိုဆို
လျှင်mommyဟုသာခေါ်ခဲ့ကြတာနှုတ်ကျိုးခဲ့ကြလေသည်။"ကောင်းပါ့ရှင်....ဒီဟာကြီးနဲ့စကားများ,များနေရတာတစ်ခု
ဘဲရယ်"သူ့ခင်ပွန်းကိုမနာအောင်ရိုက်ကာပြောတော့
"မေကြီးကလည်းအဲ့ဒီလိုလေးစကားများရတာကို သဘော
တွေကျနေတာမလား?""ဟဲ့ မအေကို"
သူ့သားကစနောက်ပြန်တော့သူ့သားကိုပါခပ်ဖွဖွလှမ်းရိုက်
ပြန်ပါသည်။"စာရေးဆရာဆီကနေကြုံတုန်းလက်မှတ်လေးယူထားမှ
ထင်တယ်ကွာ""ဟာ ဖေကြီးကလည်း"
YOU ARE READING
The cigarettes pact[completed]
Romanceသံယောဇဉ်နဲ့ထပ်လို့ချည်မယ် မင်းပြီးရင်မင်းဖြစ်နေဖို့လည်း တစ်နေ့ထက်တစ်နေ့ပိုချစ်မယ် (Jeon) ဘာလို့မညားရတာလဲ? sad endingတွေမကြိုက်ပါဘူး ကွာ ခံစားရတယ် (Tae) Min YoongiကPark Jiminကလွဲရင်ဘာဆိုဘာမှ မသိဘူး သိလည်းမသိချင်သလိုစိတ်လည်းမဝင်စားဘူး (Suga) ဒီကကြိုက်...