"Jungkook မင်းကဘာဖြစ်နေတာလဲ?စာကိုစိတ်မဝင်
စားဘူးလား?"ဘေးကအတူထိုင်သောမေဂျာတူသူငယ်ချင်း Kim
Yugyeomကမေးလာလေတော့မှစိတ်နဲ့ကိုယ်နဲ့ပြန်ကပ်
တော့၏......။အတွေးတွေလွင့်နေတာတော့အမှန်ပါ။စာထဲကစိတ်ကိုဝင်စား
မနေတော့တာလည်းလိမ်လို့မရ။Taeခံစားချက်တွေကိုဘာလို့မရိပ်မိခဲ့ရတာလဲ?စာအုပ်ထဲက
စာတွေကနေ့စဉ်ရေးထားတာမျိုးမဟုတ်ဘဲသူ့ခံစားချက်တချို့
တလေကိုရေးထားတာတွေ။အလယ်တန်းပထမဆုံးရက်မှာJeonကိုအရင်ဆုံးစတွေ့ခဲ့
တာ......အဲ့ဒီအချိန်တည်းကသူများနဲ့မတူတဲ့ခံစားချက်က
ဖြစ်လာခဲ့တာဘဲပထမဆုံးစာမျက်နှာကအကြောင်းအရာသည်ရိုးရိုးရှင်းရှင်း
ရေးထားပေမယ့်ခံစားချက်ကရိုးရှင်းမနေခဲ့ပေ။Chimကိုသဘောကျတယ်တဲ့ အင်းပေါ့ Chimလို
ကောင်လေးကိုဘယ်သူကသဘောမကျဘဲနေပါ့မလဲ
ငါကသာမင်းကလွဲရင်မမြင်တော့တာမလို့Jiminကိုသဘောကျတယ်လို့သူ့ကိုရင်ဖွင့်ခဲ့တဲ့နေ့တုန်းက
လည်းခံစားချက်တွေကိုစာအုပ်လေးထဲမှာရေးချပြီးကြိတ်ငို
နေခဲ့လေမလား?Chimနဲ့Jeonကချစ်သူတွေဖြစ်သွားကြပြီ.....စီနီယာ
HoSeokကအိမ်ရောက်လာတာနဲ့အရက်အတူသွား
သောက်ခဲ့လိုက်တယ် ငါကသိပ်မသောက်နိုင်ပေမယ့်လည်း
ရင်ဘတ်ထဲကနာတာကိုတစ်နည်းနည်းနဲ့ကုစားရမယ်လို့
ထင်တာဘဲအဲ့ဒီညကမူးကွဲမလာပေမယ့်မှန်လာသောTae။ဒဏ်ရာတွေ
နဲ့ဘာလို့သောက်ခဲ့တာလဲဆိုပြီးမေးတော့ဒဏ်ရာတွေမနာ
အောင်ကုစားတာပေါ့တဲ့လေ။ဘယ်ဒဏ်ရာလဲဆိုတာကို
ငါသိလိုက်ရပြီTae။တောင်းပန်ပါတယ် ငါကမရိပ်မိခဲ့ဘဲမင်းကိုအနေခက်အောင်
လုပ်ခဲ့မိတယ်။"စာရေးဆရာကနောက်ထပ်ဇာတ်လမ်းကိုစဉ်းစားနေလို့များ
စာထဲစိတ်မဝင်စားတာလား?"ထပ်မေးလာပြန်သောYugyeomအမေးစကားကခပ်ငေါ့
ငေါ့။ညာဖက်လက်ကိုဆံပင်တွေထဲထည့်ကာထိုးဖွလိုက်တော့
"ဘာလား?ဘာတွေဖြစ်နေတာလဲ?"
"နားငြီးတယ်ကွာYugyeom"
YOU ARE READING
The cigarettes pact[completed]
Romanceသံယောဇဉ်နဲ့ထပ်လို့ချည်မယ် မင်းပြီးရင်မင်းဖြစ်နေဖို့လည်း တစ်နေ့ထက်တစ်နေ့ပိုချစ်မယ် (Jeon) ဘာလို့မညားရတာလဲ? sad endingတွေမကြိုက်ပါဘူး ကွာ ခံစားရတယ် (Tae) Min YoongiကPark Jiminကလွဲရင်ဘာဆိုဘာမှ မသိဘူး သိလည်းမသိချင်သလိုစိတ်လည်းမဝင်စားဘူး (Suga) ဒီကကြိုက်...