"ညနေဆိုင်ပိတ်ရင်ဖုန်းဆက်လိုက်နော်Tae"
Taeကိုဆိုင်လိုက်ပို့ပြီးတော့ ကားပေါ်ကဆင်းရန်ပြင်နေ
သောTaeနားထင်လေးကို ဖွဖွနမ်းကာပြောလိုက်သည်။
Taeသည်သူ့floral serviceလေးကိုတက်တက်ကြွကြွ
ဦးစီးလေသည်။သူသည်လည်းစာတွေနဲ့နပန်းလုံးနေသော
စာရေးဆရာဘဝကိုလုံးလုံးလျားလျားဝင်ရောက်လိုက်ပြီဖြစ်
သည်။သိပ်မကြာခင်နေရာအတည်တကျဖြစ်ရင်တော့ လက်
ထပ်ဖို့ကိစ္စကိုအစပြုရတော့မည်။အခုနေနေတဲ့အိမ်လေးက
အဆင်ပြေပေမယ့်လည်းTaeဆိုင်နဲ့ကျဝေးသည်လေ။"ညနေorderပန်းစည်းပေးပြီးရင်ဆိုင်စောပိတ်ပြီးတော့
MinJaeဆီသွားမလို့လေ...မင်းကစာအုပ်အသစ်စပြီဆို
တော့စိတ်များနေမှာစိုးလို့ မခေါ်ဖြစ်တာ လိုက်ခဲ့ရင်တော့ပို
ကောင်းတာပေါ့"Taeသည်သူ့ကိုအရာရာနားလည်ပေးသည်။ချစ်တယ်ဆိုတာ
ထက်ကိုပိုတယ်ဆိုတာခံစားလို့ရပါသည်။စာရေးနေလက်စက
moodပျောက်မှာစိုးလို့စာကိုမဲနေရင်လည်း သူ့အတွက်ဘာ
ဆိုဘာတစ်ခုမှမလစ်ဟင်းစေရ။ဟိုတလောလေးကလည်း
သူကစာအုပ်အသစ်လက်မှတ်ထိုးပွဲရောစာမူအပ်ရမယ့်ရက်
ရောကတိုက်သွားပြီးနည်းနည်းပင်ပန်းသွားတာကို စိတ်ပြေ
လက်ပျောက်ဖြစ်အောင်သူကြိုက်သောအဆိုတော်IUရဲ့
concertကိုလက်မှတ်ဝယ်ကာသွားကြည့်ခိုင်းခဲ့သေးသည်။
Taeကတော့Joonieတို့ဆိုင်အသစ်ဖွင့်တော့အလုပ်တွေ
ရှုပ်တာနဲ့သူ့တူမတော်ကိုထိန်းပေးရမှာမို့နေခဲ့တာ။အဲ့ဒီလိုလေး
တွေကအစအလိုက်သိစွာ။"အာ စာအုပ်အသစ်ကအစဘဲရှိသေးတာပါ ငါလည်းလိုက်ခဲ့
မယ် အတူသွားတွေ့ကြတာပေါ့ Yugyeomကိုပါဖုန်းဆက်
ချိန်းထားလိုက်မယ်"MinJaeသည်ကျောင်းပြီးတော့ သူ့အဖေလုပ်ငန်းကိုဦးစီး
နေပြီးmasterတန်းကလည်းတစ်ဖက်။မနေ့ညကလိုင်းပေါ်
မှာစကားပြောဖြစ်ကြတော့ဒီနေ့သူကျောင်းမှာရှိမယ်ဆိုတာနဲ့
သွားတွေ့ဖို့ဆုံးဖြတ်လိုက်တာ။ကျောင်းပြီးသွားရင်အလုပ်ကိုယ်
စီနဲ့မလို့အရင်လိုဆုံဖို့ကမလွယ်တော့။ရတဲ့အချိန်လေးဆုံကြဖို့
ကိုတော်တော်ညှိယူရတာမလို့စာရေးဆရာကိုလည်းလိုက်စေ
ချင်တာအမှန်။ပြောပြဖြစ်တော့လည်းသူပါလိုက်မယ်ဆိုတော့
ပိုကောင်းသွားတာပေါ့။လူစုံဖို့ဆိုလိုနေသေးတယ်လေ။
YOU ARE READING
The cigarettes pact[completed]
Romanceသံယောဇဉ်နဲ့ထပ်လို့ချည်မယ် မင်းပြီးရင်မင်းဖြစ်နေဖို့လည်း တစ်နေ့ထက်တစ်နေ့ပိုချစ်မယ် (Jeon) ဘာလို့မညားရတာလဲ? sad endingတွေမကြိုက်ပါဘူး ကွာ ခံစားရတယ် (Tae) Min YoongiကPark Jiminကလွဲရင်ဘာဆိုဘာမှ မသိဘူး သိလည်းမသိချင်သလိုစိတ်လည်းမဝင်စားဘူး (Suga) ဒီကကြိုက်...