ငြိမ့်ညောင်းလှသော သံစဥ်လေးနဲ့အတူ ကော်ဖီ ဆိုင်တွင် အသီးသီး သူ့နေရာရာနဲ့သူ စကားပြောနေကြသည်
ထို့နည်းအတူ ဝိုင်းတစ်ဝိုင်းတွင် မျက်နှာချင်းဆိုင် ထိုင်နေကြသော ကောင်လေးနှစ်ယောက် တစ်ယောက်က ချစ်ရသူနဲ့ကော်ဖီအတူသောက်ရ၍ ကြည်နူးနေစဥ် တစ်ယောက်မှာတော့ အမည်မသိအမူအရာတစ်ခုနဲ့ဖြစ်နေလေသည်
ထိုသူတို့မှာ အခြားသူမဟုတ် Kim Tae Hyungနဲ့Jeon Jungkookဆိုတဲ့ တက္ကသိုလ်ကျောင်းသားဘဝထဲက တစ်ယောက်မျက်နှာတစ်ယောက်သာကြည့်ခဲ့ကြပြီး အများအားကျရတဲ့ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးပေါ့" Tae ... kook ကိုပြောစရာရှိတယ်
ဆို ပြောလေ"
" ဟုတ်တယ် kook Tae ပြောတာသေချာ နားထောင်နော်"" အင် ပြော "
" Tae တို့ လမ်းခွဲကြရအောင်"
" ဟင် ဘာလို့လဲ Tae"
"အကြောင်းပြချက်မရှိဘူး"
"Tae kook ကို နောက်နေတာလာ Tae ဟာသကြီးက မရယ်ရဘူးနော်"
" ငါအတည်ပြောနေတာ Jungkookဒီနေ့က စပြီး ငါ့ကို မေ့လိုက်တော့ ငါလည်း လာမယ့်အပတ်ကျရင် နိုင်ငံခြားကို အပြီးသွားတော့မှာမို့ ဒီမှာပဲ အပြီး နှုတ်ဆက်ခဲ့ပါတယ် Jungkook "ထထွက်တော့မည့် Tae ရဲ့လက်တွေကို သူအတင်းဆွဲလိုက်မိတယ်
" Tae နေပါဦး kook တို့ ပွင့်ပွင့်လင်းလင်းပြောရအောင် Tae မှာ ဘာအခက်ခဲ ဘာပြဿနာရှိလို့လဲ kook တို့တူတူရင်ဆိုင်ကြမယ် "
အကြောင်းပြချက်မရှိ လမ်းခွဲတာကတော့ မဖြစ်သင့်ဘူးလေ ဒီတစ်ကြိမ်မှ Tae ကိုမဆွဲထားမိရင် နောက်ဘယ်တော့မှ သူကျွန်တော့ဆီ ပြန်လာမလဲမသိဘူးလေ နိုင်ငံခြားကိုပါ ထွက်သွားမယ်ဆိုတော့ဒီတိုင်းတော့ ကျွန်တော်လက်မလွှတ်နိုင်ဘူး
"Jungkook ငါ့လက်ကိုလွှတ် "
" မလွှတ်နိုင်ဘူး Tae
kook ကို ဒီတိုင်းတော့ မထားသွားပါနဲ့ "ကျွန်တော့်ရဲ့ မာနတွေကို ခဝါချပြီး ချစ်ရသူလက်ကို ဆွဲကာ တောင်းပန်တိုးလျှိူးရတော့မှာပေါ့ ကျွန်တော်မှ သူ့ကို မခွဲနိုင်တာ
" Tae ရယ် kook တောင်းပန်ပါတယ်နော် Tae မရှိရင် kook အသက်ရှင်နိုင်မှာမဟုတ်ဘူး Tae လည်း Kook ကိုချစ်တယ်မဟုတ်လာ ဟင် "
YOU ARE READING
My Love ( completed )
RomanceMin Yoongi Jeon Jungkook Kim Tae Hyung Kim Seok jin. Kim Nam joon Jung Hoseok Park Jimin # အချစ်ဆိုတာ ဘာလဲတဲ့? ကျွန်တော်လည်း မသိဘူး ကျွန်တော့်အတွက်အချစ်ကတော့ Hyung ရှိရင် ဖြစ်ပေါ်လာမယ့်အရာဖြစ်ပြီး Hyung မရှိတော့တဲ့တစ်နေ့ ပျောက်ကွယ်သွားမယ့် မြူမှု...