Part - 20

937 86 34
                                    

ခုဆို သားငယ်လေးက မူကြိုတက်နေတာ တစ်ပတ်တောင်ပြည့်တော့မယ် ဆိုးလ်နဲ့ မရင်းနှီးနေတဲ့ သားငယ်လေးအခက်မတွေ့ရအောင် Jimin သင်တဲ့ မူကြိုကျောင်းမှာပဲ အပ်ဖြစ်သည် အသွားအပြန်လည်း အဆင်ပြေရအောင်ပါ ကျွန်တော်က လမ်းမလျှောက်နိုင်တော့ အကြိုအပို့မလုပ်နိုင်ဘူးရယ်

ဒီနေ့တော့ သားငယ်လေးကို ကျွန်တော်ကိုယ်တိုင်လာကြိုဖြစ်သည် jimin က ကျောင်းဆင်းရင် အစညးအဝေးရှိတယ်ဆိုလို့ပါ ကျောင်းရှေ့တွင်လည်း ကျွန်တော့်နည်းတူ မိဘအတော်များများ ကလေးတွေကို လာကြိုကြသည်

ကလင် ကလင် ........

ကျောင်းဆင်းပြီထင်တယ် ခေါင်းလောင်းသံလေးမဆုံးခင်ပင် မိဘ တော်တော်များများက ကျောင်းဝင်းထဲ ဝင်သွားကြသည် ကျွန်တော်ကတော့ ဝင်လို့မရ လမ်းမှမလျှောက်နိုင်တာ ဒရိုင်ဘာဦးလေးကိုလည်း ဒုက္ခမပေးချင်သောကြောင့် ကားပေါ်တွင်သာ စောင့်လိုက်သည်

" yoongi အထဲဝင်မလာ ဦးလေးအောက်ချပေးမယ် "

" နေပါစေ ဦးလေး သားငယ်လေးကိုပဲ အထဲမှာ ဝင်ခေါ်ပေးပါနော် "

ဒရိုင်ဘာ ဦးလေး ကျောင်းထဲသို့ဝင်သွားတာကိုသာ ငေးကြည့်နေမိသည် ထို့နည်းတူ ဆုံးဖြတ်ချက်တစ်ခုလည်း ချမိသည် ဒီခြေထောက်တွေ ပြန်ကောင်းလာဖို့ ဆေးကုသမှုခံယူရတော့မည် ဒါမှသာ Yoonki လေးနဲ့ ကစားကွင်းလည်း သွားပေးနိုင်မာ် ကျောင်းအကြိုအပို့လုပ်ပေးနိုင်မာ် သားငယ်လေးလက်ကိုဆွဲပြီး အတူတူ ဈေးဝယ်ထွက်နိုင်မယ်

.............

" Tae Eun လေးကျောင်းမှာပျော်ခဲ့ရဲ့လာ "

ကျောင်းမှထွက်လာသော ကလေးတွေအများကြီးထဲမှ ပြေးထွက်လာသော မူကြိုကျောင်းသားလေး Tae Eun ကို Jungkook ချီရင်းမေးလိုက်တော့ Tae Eun က ပြုံးရင်းခေါင်းညိမ့်ပြတယ်

" သားကို အောက်ချပေးပါဦး "

Tae Eun လေး ပြောတော့မှ Jungkook အောက်ချပေးလိုက်တော့ Tae Eun ဘေးတွင် လာရပ်သော ကောင်လေးတစ်ယောက်

" Yoonki. ..."

ခုဆို yoonki နဲ့တွေ့တာ 3 ကြိမ်မြောက်ပေါ့ သူ့ကိုသေချာကြည့်မိတော့ သူ့မျက်ဝန်းအိမ်မှာ ဝမ်းနည်းခြင်းတချို့ ကျွန်တော်နဲ့ Tae Eun ကိုအားကျနေတာလာ သို့ပေမယ့် ထိုကောင်ငယ်လေးက ပြန်ပြုံးပြနေသေးသည် သို့ပေမာ့် ထူးဆန်းတာက  ကျွန်တော့ရင်ဘက်က အောင့်သက်သက်ခံစားချက် ကလေး​လေးတစ်ယောက်ရဲ့ ဝမ်းနည်းမှုအရိပ်ယောင်ကြောင့်လား ဘာကြောင့်မှန်းမသိ

My Love ( completed )Where stories live. Discover now