ပြဿနာဖြစ်ပြီးနောက်ပိုင်း Min yoongi သူ့သူငယ်ချင်း Jin ရဲ့ coffee ဆိုင်ကို မသွားဖြစ်တော့သလို jin တို့အဖွဲ့ကလည်း Min yoongi ဆီ လာလည်တာ မတွေ့ရဘူး
Min yoongi က ပုံမှန်အတိုင်းပဲ မနက်စာပြင်တယ် ကျွန်တော့တွက်အဝတ်စားလည်း ထုတ်ထားပေးလေ့ရှိတယ် အရင်ကတော့ နေ့လည်စာကို ကျွန်တော့ရုံးမှာ သူလာစားတယ် ပြဿနာဖြစ်ပြီးနောက်ပိုင်းတော့ ကျွန်တော့်တွက်နေ့လည်စာထမင်းဘူးပြင်ပေးတယ် ညစာပြင်ပေးတယ် အိမ်သန့်ရှင်းရေးပုံမှန်လုပ်တယ် သူ့အမေကျန်းမာရေးအခြေနေကို သူသိပြီးတော့ ရုံးကိစ္စကိုတော့ Jhope နဲ့လွှဲထားပေးတယ်ထင်တယ် တစ်ပတ်မှာ ၂ရက်လောက်ပဲ သူရုံးသွားတာတွေ့ရတယ် သူ့ကိုလိုက်ကြည့်နေလို့တော့မဟုတ်ဘူးနော် သူတစ်နေရာရာသွားရင် ကျွန်တော့်ကိုအမြဲပြောပြနေလို့သိတာတစ်ခါတလေ ညနေဘက် ကျွန်တော်အလုပ်ကပြန်ရောက်ရင် သူ့သူငါ်ချင်းတွေနဲ့ ဖုန်းပြောပြီးငိုနေတတ်တယ် အဲ့လိုအချိန်တွေဆို ကျွန်တော်အိမ်ထဲမဝင်ပဲ အပြင်မှာပဲ စောင့်နေလိုက်တယ် သူပြီးလောက်မှ အပြင်က အသံပေးပြီးဝင်တယ် သူကလည်း သရုပ်ဆောင်ကောင်းပါတယ် ကျွန်တော့်ရှေ့မှာ အရမ်းမပြုံးရင်တောင် မျက်နှာမပျက်နှုတ်ဆက်ရှာတယ် ကျွန်တော်လည်း ဒီတလောတော့ သူ့ကိုပြဿနာမရှာမိအောင်နေရမယ်လို့ တွေးမိတယ် ကျွန်တော်က စာနာမှုကင်းမဲ့သူမှမဟုတ်တာ ခုလည်းကြည့် သူဖုန်းရင်းငိုနေပြန်ပြီ
"ဟုတ်ကဲ့ပါ hyung ကျွန်တော်အတတ်နိုင်ဆုံး အဆင်ပြေအောင်နေပါမှာ ဖုန်းချလိုက်တော့မယ်နော် "
Jk လည်း အဆင်ပြေတဲ့အနေထားရောက်မှ ဝင်လာလိုက်တာ်
ကျွန်တော့ကို တွေ့တွေ့ချင်း ပြုံးပြီးလာကြိုနေပြန်ပြီ" hyung ပြန်ရောက်ပြီလာ ရေချိုးပြီးရင် ညစာအတူစားကြမယ်နော်
ကျွန်တော် ညစာပြင်ထားလိုက်မာ်"ဒါ ကျွန်တော်ပြန်ရောက်တိုင်း သူနှုတ်ဆက်နေကျစကား
ကျွန်တော်လည်း အပေါ်ထပ်တက်ပြီး ေရချိုးအဝတ်စားလဲကာ ပြန်ဆင်းလာလိုက်တယ်
ထမင်းစားစားပွဲတွင် ထိုင်စောင့်နေတဲ့ Yg နဲ့ မျက်နှာချင်းဆိုင်နေရာတွင်ထိုင်လိုက်သည်
သူက ကျွန်တော့ပန်းကန်ထဲကို ထမင်းတချို့နဲ့ ဟင်းတွေကိုလည်း ခပ်ထည့်ပေးတယ်
YOU ARE READING
My Love ( completed )
RomanceMin Yoongi Jeon Jungkook Kim Tae Hyung Kim Seok jin. Kim Nam joon Jung Hoseok Park Jimin # အချစ်ဆိုတာ ဘာလဲတဲ့? ကျွန်တော်လည်း မသိဘူး ကျွန်တော့်အတွက်အချစ်ကတော့ Hyung ရှိရင် ဖြစ်ပေါ်လာမယ့်အရာဖြစ်ပြီး Hyung မရှိတော့တဲ့တစ်နေ့ ပျောက်ကွယ်သွားမယ့် မြူမှု...