Knock... knock. ....Knock" hyung နိုးပြီလာ "
တံခါးပြင်က အော်ခေါ်နေတဲ့ Min yoongi
" အေ "
" ကျွန်တော် မနက်စာ ပြင်ထားလိုက်တော့မယ် ပြီးရင် ဆင်းလာခဲ့နော် "
ကျွန်တော် ပြန်မဖြေတော့ပဲ အတွေးနယ်ချဲ့နေမိသည်
Eunwoo ကျွန်တော်တို့အိမ်မှာ လာနေတာ 2 ပတ်ကျော်လောက်ရှိပြီပေါ့ ကျွန်တော့်သူငယ်ချင်းသာဆိုတယ် သူက Min yoongi နဲ့ပိုပြီး အဆင်ပြေနေတယ်
ကျွန်တော်ကပဲ အိမ်မှာအမြဲမနေရလို့ပဲလာ Min yoongi ကပဲ သူ့ကိုဆွဲဆောင်နိုင်လို့ပဲလားတော့မသိဘူး ကျွန်တော်နဲ့ Eunwoo
ရုံးပိတ်ရက်မှသာ စကားပြောဖြစ်ကြတယ် တစ်ခါတလေ သူ ကျွန်တော့ရုံးကို လိုက်လာတတ်တယ်Min yoongi နဲ့ကျ ဂိမ်းတူတူဆော့ကြတယ် Shopping လဲ တူတူထွက်ကြတယ် ထမင်းအတူတူချက်နေတာလည်းရှိတယ် တစ်ခါတလေ သူတို့နှစ်ယောက်ရယ်နေကြတယ် ကျွန်တော်ရောက်သွားမှ ဘာမှ မဟုတ်သလို ဖြစ်သွားတဲ့သူတို့အမူရာတွေလည်းတွေ့ရတယ်
တစ်ခါတလေဆိုလည်း 3 ယောက်အတူတူရှိနေရက်နဲ့ သူတို့ဟာသူတို့ပြောဆိုရယ်မောနေကြပြီး ကျွန်တော်ကအသက်မဲ့ေနသလို
သူတို့နှစ်ယောက်က ကမ္ဘာတစ်ခုမှာရှိပြီး ကျွန်တော်က တခြားကမ္ဘာတစ်ခုရောက်နေသလိုခံစားရတယ်ထားလိုက်ပါလေ ကျွန်တော်နဲ့မှမဆိုင်တာ အတွေးတွေကို ရပ်ပြီး ရေချိုးခန်းထဲ သာ ဝင်လိုက်တော့တယ် ရေချိုးပြီးတော့ Min yoongi ထုတ်ထားပေးတဲ့အဝတ်စားကိုဝတ်ပြီး မနက်စာစားဖို့ ထမင်းစားခန်းကို ဆင်းလာလိုက်တယ် ခုတော့ ကျွန်တော်လည်း သူဆင်ပေးတဲ့ အဝတ်စားကိုဝတ်တတ်နေပြီပေါ့
" Eunwoo hyung တော်ပြီလို့ ကျွန်တော့်ဆံပင်ကို နေ့တိုင်းဖွနေရတာ ပျော်နေလာ "
" ပျော်တာပေါ့ အရမ်းပျော်တယ် မင်းဆံပင်က ကြောင်မွှေးလေးတေလိုပဲ "
" အာ ခုကျွန်တော့ကို ကြောင်နဲ့ နှိုင်းလိုက်တာလာ "
" ဟား.... ဟား.... ဟား.... yoongi ကြောင်ပေါက် yoongi ကြောင်ပေါက် "
မနက်စာပြင်နေတာကို အနောက်ကနေ ကျွန်တော့်ဆံပင်ကို ဖွပြီးလိုက်စနေတဲ့ Eunwoo hyung ကို အားရပါးရရိုက်မလို့ အလှည့်မှာ ထမင်းစားခန်းအဝကိုကြည့်လိုက်တော့ ကျွန်တော်တို့ကို ရပ်ကြည့်နေတဲ့ Hyung ဘယ်ချိန်ထဲက ရောက်နေမှန်းတော့မသိလိုက်ဘူး
YOU ARE READING
My Love ( completed )
RomanceMin Yoongi Jeon Jungkook Kim Tae Hyung Kim Seok jin. Kim Nam joon Jung Hoseok Park Jimin # အချစ်ဆိုတာ ဘာလဲတဲ့? ကျွန်တော်လည်း မသိဘူး ကျွန်တော့်အတွက်အချစ်ကတော့ Hyung ရှိရင် ဖြစ်ပေါ်လာမယ့်အရာဖြစ်ပြီး Hyung မရှိတော့တဲ့တစ်နေ့ ပျောက်ကွယ်သွားမယ့် မြူမှု...