Part-22

1K 85 8
                                    

တိတ်ဆိတ်မှုကိုနှစ်သက်တဲ့ ကျွန်တော့်အဖို့တော့ ဒီစားသောက်ဆိုင်လေးက အရမ်းကိုမှ စိတ်ကျေနပ်မှုရှိစေတယ် ချိန်းဆိုထားသူမရောက်လာသေးတော့ ရေအေးအေးတစ်ခွက်ကိုသာ သောက်ရင်း စောင့်နေလိုက်သည်  လက်မှာပတ်ထားတဲ့နာရီကိုငုံ့ကြည့်မိတော့ မဆိုစလောက်ဒေါသကလေးက နည်းနည်းထွက်ချင်လာမိတယ်

ညထဲက မနက် ၁၀နါရီ ဒီစားသောက်ဆိုင်လေးမှာ တွေ့ချင်တယ်ဆိုလို့ Namjoon hyung က ကျွန်တော့်ကိုချိန်းထားတာလေ သို့သော် ၁၀နါရီပင်ခွဲနေပြီ သူမရောက်လာသေး ပုံမှန်ဆို Namjoon hyung က အချိန်တိကျသူပါ ခုမှ ဘယ်လိုဖြစ်

" yoonie ကိုယ်နောက်ကျသွားတယ် "

အသံလားရာ အနောက်ဘက်သို့ မခို့တရို့လေးကြည့်လိုက်တော့ ခုချိန်ထိ အလွတ်မှတ်မိနေတဲ့ ကိုယ်သင်းရနံ့နဲ့အတူ Jungkook hyung ၊ သူ့အသံ သူ့ရဲ့ရနံ့တို့က လွန်ခဲ့သော ၅နှစ်ကိုပြန်သတိရသယောင် သို့သော် အတိတ်ကို အတိတ်မှာသာ ထားခဲ့သင့်ပါပြီ မစသင့်တဲ့ဇာတ်လမ်းကို အစမဖော်တာ အကောင်းဆုံးပင်

မဆိုင်းမတွပင် ကျွန်တော့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်နေသော Jungkook hyung ဒါကဘယ်လိုအခြေနေကြီးပါလိမ့် Namjoon hyung ကလည်းမရောက်သေးဘူး

" Jungkook hyung က ဘယ်လိုလုပ် "

" ကိုယ် Namjoon hyung ကို အကူညီတောင်းလိုက်တာပါ "

အခြေအနေအားလုံးကို ကျွန်တော်သဘောပေါက်ပါပြီ Namjoon hyung နဲ့ jungkook hyung ရဲ့စနက်တွေပေါ့ အိမ်ရောက်မှ အဲ့ hyung ကို jin hyung နဲ့တိုင်ပစ်မယ်

မျက်နှာငယ်စွာဆိုလာတဲ့ jungkook hyung သည် အရင်က ကျွန်တော်တွေ့ဖူးတဲ့ လူပျိုဖျန်းလေးလို မဟုတ်ပဲ အောက်ခံအမဲရောင်နဲ့အဖြူရောင်အဆင်းကြောင်းလေးတွေပါတဲ့ ရှပ်အင်ကျီကိုမှ စတိုင်ပန့်အမဲလေးနဲ့ တွဲပြီးဝတ်ဆင်ထားသည် ရှေ့ဆံပင်ကို ဂျယ်လ်နဲ့သပ်တင်ထားပုံမှာလည်း တကယ့်ကိုပင်ရင့်ကျက်နေပါပြီ တောက်တောက်ပြောင်ပြောင်ဝတ်ဆင်ထားသလောက် jungkook hyung ရဲ့ မျက်ဝန်းအိမ်ကတော့ ဆန့်ကျင်ဘက်ပင် ညိုးငယ်နေကာ အရည်လဲ့လဲ့လေးဖြစ်နေသည်

" hyung ပြောစရာရှိတာ မြန်မြန်ပြောပါ "

ပြောစရာတွေက များလွန်းလို့ ဘယ်ကဘယ်လို စပြောရမှန်းတောင်မသိလို့ပါ yoonie ရယ်

My Love ( completed )Where stories live. Discover now