Part-3

783 99 2
                                    

CEO နှစ်ယောက်ရဲ့လက်ထပ်ပွဲဆိုပေမယ့် နှစ်ဖက်လူကြီးမိဘတွေနဲ့ မိတ်ဆွေသူငယ်ချင်းများရဲ့အရှေ့တွင်သာ လက်ထပ်စာချုပ်​ရေးထိုးပြီး အကျဥ်းချုံးရန်စီစဥ်ထားလေသည်

အဖြူရောင် ဝတ်စုံလေးက ဖြူဖွေးနေသော Yoongi ရဲ့ အသားကို ပိုထင်ဟပ်စေသည် ရွှေအိုရောင် ဆံပင်စလေးတွေ နဖူးတစ်ဝိုက်ဝဲကျနေပြီး သေးသေးသွယ်သွယ် ခန္ဓာကိုယ်က အသက် ၂၃ နှစ်အရွယ် CEO တစ်ယောက်လို ပြောရင် ယုံမယ့်သူက ခပ်ရှားရှားရယ်

ရင်ခုန်သံစည်းချက်တွေက ပွဲတော်တွင် လှည့်လည်နေသော တီးဝိုင်းကြီးပမာ ဒုံးစိုင်းတီးနေတဲ့ သတို့သား Min Yoongi တစ်ယောက် အခန်းထဲတွင် မိမိသတို့သားအလာကိုစောင့်ရင်း ထိုင်ရမလို ထရမလို ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေလေသည်

"Yoongi ငြိမ်ငြိမ်နေစမ်းပါ ငါ့မှာ မျက်စိကိုနောက်နေတာပဲ "

" hyung ကလည်း လက်ထပ်ရတော့မယ့် သတို့သားတစ်ယောက်ရဲ့ ခံစားချက်ကို hyung မသိပါဘူး "

ခုတင်ပေါ်တွင် အကျနထိုင်ကာ မိမိကိုအဖော်ပြုပေးနေသော  jin အားမျက်စောင်းထိုးလိုက်လေသည်

"Namjoon hyung တို့ jimin တို့ j. hope တို့ရော "

" အောက်ထပ်မှာ သတို့သားရောက်ရင် လာခေါ်လိမ့်မယ် "

yoongi ခေါင်းငြိမ့် ပြလိုက်သည်

"လက်ထပ်ပွဲကို အကျဥ်းချုံးလုပ်ဖို့ စီစဥ်ခိုင်းတာ yoongi ပဲမဟုတ်လာ"

Yoongi နဲ့ Jungkook တို့ မိဘရဲ့အခြေနေနဲ့ဆိုရင် မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ်လုပ်ချင်မှာပဲလေ ဒီကောင်လေးကိုက ခုထဲက သူ့သတို့သားဆန္ဒကိုသာ ဦးစားပေးနေတာမို့ jin တမင်မေးလိုက်ခြင်းသာ

"ဟုတ်တယ် jin hyung ဒီလိုချိန်မှာ Jungkook hyung လည်း ခမ်းခမ်းနားနား လုပ်ချင်မှာ မဟုတ်ဘူးလေ "

"yoongi ကရော?"

jin အမေးမှာ yoongi ဆွံ့အသွားလေသည်

" ကျွန်တော်ကလာ ကျွန်တော်ကရပါတယ် အဓိကက Jungkook hyung ဘေးမှာ နေရရင်ပဲ ရပါပြီ "

ကြည့်ပါလာ ဒီကောင်လေး သူလေးလည်း တစ်သက်မှာတစ်ကြိမ်သာ ဆောင်ရတဲ့မင်္ဂလာပွဲကို ခမ်းခမ်းနားနားလေးဖြစ်ချင်မှာပဲလေ

My Love ( completed )Where stories live. Discover now