Part -14

767 84 7
                                    

အင်ချွန်းလေဆိပ်မှ ကျွန်တော်နဲ့ yoonie တ်ို့ ထွက်ခွာ လာခဲ့ကြတယ် ကျွန်တော့်ရဲ့တောင်းဆိုမှုကြောင့် Yoonie နဲ့ ကျွန်တော် ဟန်မြစ်ဘေးသို့ အရင်လေညင်းခံထွက်ကြတယ် yoonie ကတော့ ခရီးပန်းလာလို့ထင်တယ် အိမ်ပြန်ချင်တယ်လို့ပဲ တတွတ်တွတ်ညည်းနေလေရဲ့ ​အိမ်ရောက်တော့ ညပင်မှောင်နေပြီ

" အိမ်အရင် ပြန်ပါမယ်ဆို kookie ကတော့ ဒီမှာကြည့်ဦး တစ်အိမ်လုံး မှောင်လို့ "

ကားပေါ်က ဆင်းတာနဲ့ ပွစိပွစိလုပ်နေတဲ့ yoonie ကျွန်တော်ကတော့ သူ့ခရီးဆောင်အိတ်ကို ထုတ်ဖို့သာပြင်လိုက်တယ်

" ဟုတ်ပါပြီ yoonie ရယ် အိမ်ထဲကိုသာ အရင်ဝင်ပါ ပြီးမှ ကြိုက်သလောက်ပြော ဟုတ်ပြီလာ "

ကျွန်တော့ကို မျက်စောင်းထိုးပြီး အိမ်သော့ဖွင့်နေတဲ့ ပေါက်စလေး နှုတ်ခမ်းလေးတစ်ဆူဆူနဲ့

" ဟင်းးးးး........
kookie ဒါတွေက "

yoonie တစ်ယောက် တံခါးဖွင့်ဖွင့်ချင်း သူ့မျက်စိရှေ့မှာ ရှိတဲ့မြင်ကွင်းကြောင့် ပါးစပ်လေးဟတဟတနဲ့ အံ့သြနေလေရဲ့

အမှောင်ကျနေတဲ့ အခန်းမှာဖယောင်းမီးခွက်လေးတွေ အပြည့် ဒါ့အပြင် နှင်းဆီပွင့်ဖက် ကျိုးတိုးကျဲတဲလေးတွေကလည်း မွှေးပျံ့နေတဲ့ ရနံ့ကိုဆောင်နေတယ် ဝိုင်နီနှစ်ခွက်နဲ့ အလှဆင်ထားတဲ့စားစရာတချို့ကလည်း Dinner Night ကိုပြီးပြည့်စုံစေတယ်

yoonie ပြန်လာမယ်လို့ ဖုန်းဆက်ထဲက ကျွန်တော်ကိုယ်တိုင် Dinner လေးတစ်ခုကို ဖန်တီးဖို့ပြင်ဆင်ခဲ့ရတယ် လေယာဥ်ဆိုက်ချိန်က စောနေတာမို့ ဟန်မြစ်မှာ အချိန်ဆွဲလိုက်ရသေးတယ် Dinner ရဲ့ အဓိက ဖြစ်တဲ့ ဖယောင်းမီးတွေကတော့ အတွင်းရေးမှူးကန်ရဲ့ အကူညီနဲ့ အဆင်ပြေခဲ့တယ်

" yoonie သဘောကျရဲ့လာ "

" ပြောပြမတတ်အောင်ပဲ kookie ရယ် ဒီလို Dinner Night မျိုးက yoonie တွက် ပထမဦးဆုံးပဲ"

ကျွန်တော်ပါးနှစ်ဖက်ကို ကိုင်ပြီး ပြောလာတဲ့ ပေါက်စလေး မျက်ဝန်းအိမ်ထဲမှာလည်း ပုလဲလုံးလေးတွေ ခိုနေလေရဲ့ ဝမ်းသာလွန်းလို့ထင်တယ် နှာသီးလေးကလည်း ရဲလို့ ကျွန်တော့်မျက်ဝန်း တစ်စုံကတော့ သူ့ရဲ့နှုတ်ခမ်းဖျားလေးကို ကြည့်လိုက် သူ့မျက်ရိပ်ကို ဖမ်းလိုက် လုပ်နေမိတယ်

My Love ( completed )Where stories live. Discover now