Part-5

745 92 4
                                    

Yoongi အိမ်သို့အမြန်ပြန်လာကာ
အဝတ်စားလဲလိုက်ပြီး ပထမဦးဆုံးအဝတ်လျှော်ရန် ပြင်လိုက်လေသည်
ပြီးမှ မိမိသဘောကျလောက်တဲ့ထိ တစ်အိမ်လုံး သန့်ရှင်းရေးလုပ်လိုက်ကာ နာရီကိုကြည့်တော့ ညနေ 5 နာရီ တောင်ထိုးပြီဖြစ်သည်

ညနေစာပြင်ရန် မီးဖိုခန်းထဲသို့ဝင်ကာ Apron တစ်စုံယူဝတ်လိုက်သည်

ကြက်ဥခလောက်ပြီး အနေတော် လှီးထားတဲ့ Spam လေးတွေကို နှစ်ပြီး ကြော်လိုက်သည်  ပြီးမှ ကင်မ်ချီ ထမင်းကြော်လေး ကြော်လိုက်ကာ ညစာကို ပြင်ဆင်လိုက်သည်

"ဒီလောက်ဆို Kookie ကြိုက်လောက်မှာပါ "

ဂုဏ်ယူတဲ့အပြုံးလေးနဲ့ ညစာကို လက်ပိုက်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်
ပြီးမှ ကိုယ်ကိုတိုင်လည်း ရေချိုးရန်အပေါ်ထပ်တက်သွားသည်
ရေချိုးပြီး ပြန်ဆင်းလာတော့ 7 နာရီပင်ရှိနေပြီ  ဧည့်ခန်းထဲရှိ Sofa ပေါ်တွင် ဖုန်းသုံးရင်း Kookie ပြန်အလာကို စောင့်လိုက်သည်

"ဟုတ်သားပဲ အမေ့ကိုဖုန်းဆက်ရဦးမယ် ဒီလောက်ဆို စိတ်ဆိုးနေလောက်ပြီထင်တယ်"

📲📲📲📲📲📲

"min yoongi shi ပေါ်လာသေးတယ်နော်"

ဖုန်းကိုင်ကိုင်ချင်း ထွက်ပေါ်လာသော မေမေ့ရဲ့အသံ သေချာပေါက်သူမ အလိုမကျဖြစ်နေပါပြီ

" အမေကလည်း ညထဲက ဆက်မို့ပါ
အမေမအားလို့ဆိုးလို့"

"အမလေးဟယ် ကျွန်မဘယ်တုန်းကမအားတာရှိလို့လဲ jungkookနဲ့ရော အဆင်ပြေလာသား "

"ဟုတ် ပြေတယ်အမေ သူက သားကဂရုစိုက်ပါတယ်"

"သားတို့က တစ်ယောက်နဲ့တစ်ယောက်ချစ်လို့မဟုတ်ပဲ အမေတို့သဘောတူလို့ လက်ထပ်လိုက်ရတယ်ဆိုတော့ အမေစိတ်ပူလို့ပါ"

"စိတ်မပူပါနဲ့ အမေ သားတို့ အဆင်ပြေပါတယ်"

"Jungkook ရော ပြန်ရောက်ပြီလာ"

"hyung ကပြန်မရောက်သေးဘူးအမေ သူအလုပ်မသွားတာ ကြာပြီဆိုတော့ အချိန်ပိုဆင်ူရမယ်ဆိုပြီး သားကိုဖုန်းဆက်ထားတယ်"

yg အမေ ပိုပြီးစိတ်မပူရအောင် လိမ်လိုက်မိသည်

"သားတို့အိမ်အကူ ခေါ်မလာ ဒါမှမဟုတ်ရင် အိမ်က အဒေါ်ကြီးတစ်ယောက်ကို ပို့ပေးလိုက်ရမလာ"

My Love ( completed )Where stories live. Discover now