" yoongi အဆင်သင့်ဖြစ်ပြီလာ "" ခဏလေး hyung ကျွန်တော် အချိန်ခဏ ယူချင်သေးတယ် "
" ကောင်းပြီလေ ဒါဆို hyung အပေါ်ထပ်က လူနာဆောင်ကို ခဏ round လှည့်လိုက်မယ် "
" ဟုတ် hyung "
Minho hyung ထွက်သွားတော့မှ အခန်းတံခါးကို အကြောင်းမဲ့ ကျွန်တော်ငေးကြည့်နေမိသည် ဒီတံခါးကို နောက်ထပ်လာဖွင့်မည့်သူက ဘယ်သူများဖြစ်မလဲ ကျွန်တော်မျှော်လင့်နေတဲ့သူများ ဖြစ်နိုင်မလား မျှော်လင့်နေတဲ့သူတဲ့ ဟက်! တော်တော့ Min yoongi မင်းအတွေးတွေကို ဒီမှာတင်ရပ်လိုက်စမ်း ဘာတွေ အရူးထပြီး မျှော်လင့်ချင်နေရတာလဲ
ဒီနေ့က ကျွန်တော် ပထမဦးဆုံး လမ်းစလျှောက်မယ့်နေ့ ဝီးလ်ချဲ အကူညီမပါပဲ ဘာအကူညီမှ မပါပဲနဲ့ပေါ့ ဒီလိုအချိန်မှာ ကျွန်တော်တစ်ယောက်ထဲ မရှိချင်ဘူး ဟက်! ဒါပေမယ့် တစ်ယောက်ထဲရယ်
ကျွန်တော့်ကိုညီလို သူငယ်ချင်းလိုရော ချစ်တဲ့ jin hyung နဲ့ Namjoon hyung က ကော်ဖီဆိုင်ကို ပစ်ထားလို့မရလို့တဲ့ jimin ကလည်း မူကြိုကျောင်းမှာ jhope ကလည်း အရေးကြီး meeting ရှိလို့ဆိုပြီး လာလို့မရဘူးတဲ့လေ ပြီးတော့ ဟိုတစ်ယောက် တစ်ချိန်လုံး ကျွန်တော့်နားမှာ အတင်းတွယ်ကပ်နေပြီး နှင်ထုတ်တောင်မသွားတဲ့ အဲ့လူကြီးက တကယ့်တကယ် ကျွန်တော်လိုအပ်ချိန်တော့ ရောက်မလာဘူးလေ ပစ်ထားတာ ကြာပြီဖြစ်တဲ့ အလုပ်ကိစ္စတွေ ပုံနေလို့ နောက်ကျမယ်တဲ့လေ ဟုတ်တာပေါ့ Min yoongi ကဘယ်သောအခါမှ ဦးစားပေးရွေးချယ်မခံရတဲ့ တန်ဖိုးမဲ့ပစ္စည်းပဲလေ
ချလောက်
ပွင့်လာသော တံခါးချပ်နောက်မှာ မျှော်လင့်နေသူများ ဖြစ်နေမလား မဖြစ်နိုင်မှန်းသိပေမယ့်လည်း မျှော်လင့်နေမိသည်
" yoongi ငိုနေတာလာ "
အဆုံးထိ မဟုတ်ခဲ့ပြန်ဘူး
ငိုနေတာလားတဲ့ Minho hyung ရဲ့ အမေးကြောင့် ပါးပြင်ပေါ်သို့ စမ်းကြည့်ကာမှ စိုစွတ်စွတ်အထိတွေ့ ဟုတ်သား ကျွန်တော်ငိုနေတာပဲ မျက်ရည်တွေ သိပ်ပေါနေသလား Min yoongi ရယ်" yoongi ကြောက်လို့လာ "
ကျွန်တော့်ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ မေးလာသော Minho hyung ကို ခေါင်းသာညိမ့်ပြလိုက်သည် အထီးကျန်နေလို့လို့ တော့ မပြောဖြစ်လိုက်ပါ
YOU ARE READING
My Love ( completed )
RomantizmMin Yoongi Jeon Jungkook Kim Tae Hyung Kim Seok jin. Kim Nam joon Jung Hoseok Park Jimin # အချစ်ဆိုတာ ဘာလဲတဲ့? ကျွန်တော်လည်း မသိဘူး ကျွန်တော့်အတွက်အချစ်ကတော့ Hyung ရှိရင် ဖြစ်ပေါ်လာမယ့်အရာဖြစ်ပြီး Hyung မရှိတော့တဲ့တစ်နေ့ ပျောက်ကွယ်သွားမယ့် မြူမှု...