Part - 21

1K 86 17
                                    

" ဦးလေး ကျွန်တော့်ကိုအမြန်ပို့ပေးပါ "

" yoongi ရယ် စိတ်အေးအေးထားပါ "

Yoon ငယ်လေး ဒဏ်ရာရလို့ ဆေးရုံရောက်နေတယ်ဆိုတဲ့ သတင်းကြားပြီးထဲက မျက်ရည်တွေနဲ့ စိတ်ဂယောက်ဂယက် ဖြစ်နေတဲ့ yoongi ကိုလည်း ချော့ရင်း ဝီးချဲလ်ကိုလည်း အမြန်ရောက်အောင် တွန်းပို့နေရသည်

" သားငယ်လေး သားငယ်လေး "

သားငယ်လေးရှိရာ အခန်းသို့ရောက်တာနဲ့ ပတ်ဝန်းကျင်ကိုပင် သတိမထားမိလောက်အောင်ဖြစ်နေတဲ့ yoongi သားဇော ကတော့ ပြောစရာမလိုပင်

" Yoonie.... "

" Jungkook hyung "

Hyung က ဘာလို့ ဒီရောက်နေတာလဲ hyung ပေါ်က ကလေး မဟုတ်မှ  သားငယ်လေးရဲ့ သူငယ်ချင်းက Hyung နဲ့ Taehyung hyung တို့ရဲ့ကလေးလာ ဘာတွေလဲ  ဒါတွေက အရေးမကြီးပါဘူး ငါ့တွက်အရေးကြီးဆုံးက သားငယ်လေး ဟုတ်တယ် သားငယ်လေး

သားငယ်လေးရှိရာသို့သာ ဝီးချဲလ်ဘီးလေးကို လှည့်လိုက်သည် ဘေးပတ်ဝန်းကျင်ကို သူမကြည့်အား

" သားငယ်လေးရယ် ဘာ်လိုဖြစ်တာလဲ ဒီလိုဖြစ်မှန်းသာ သိရင် သားငယ်လေးကို ပါးပါးမလွှတ်လိုက်သင့်ဘူး "

အသက်ထက်ချစ်ရတဲ့ သားငယ်လေးကို သေးသေးမွှားမွှားလေးတောင် သူအဖြစ်မခံနိုင် ဖြစ်လည်းမဖြစ်ခဲ့ဘူးပေ ငယ်ငယ်တုန်းက အသက်ပါဆုံးရှုူံးရမလို ဖြစ်ပြီးထဲကပေါ့ ခုလို ဆေးပါချိတ်နေရတဲ့ သားငယ်လေးအဖြစ်ကို သူဘာ်လိုမှ မခံမရပ်နိုင် သားငယ်လေးရဲ့လက်ကို စုတ်ကိုင်ပြီးသာ သူငိုနေမိသည်

"ဟို  yoonki က စိတ်ပူစရာမရှိတော့ပါဘူး အားနည်းနေ........"

" အပြင်ထွက်ပေးလို့ရမလာ Jungkook hyung "

ဆေးချိတ်ထားခံရပြီး အိပ်ပျော်နေတဲ့ သားငယ်လေးက စိတ်ပူစရာမရှိတော့ဘူးတဲ့လား

" hyung အဖော်...."

" ကျွန်တော်အိမ်ပြန်ချင်ပြီ ဆေးနံ့မခံနိုင်လို့ "

ကျွန်တော်စကားပင်မဆုံးသေး Tae Eun ဆီ အကြည့်ရောက်ရပြန်သည်

" အာ အင်း ပြန်ကြမယ်နော် Tae Eun sorry ပါနော် Tae Eun လေးက ဆေးနံ့မခံနိုင်တာကို မေ့သွားတယ် "

My Love ( completed )Where stories live. Discover now