တစ်ကိုယ်တည်းကုန်ဆုံးခဲ့ရတဲ့ညနက်လေးကို ဖြတ်ကျော်ပြီး ဝေလီဝေလင်းမိုးသောက်ရောက်တဲ့ထိ kookie ပြန်မလာခဲ့ပါ
စိတ်မကြည်မလင်ဖြစ်လာရင် ပုံမှန်အတိုင်းကျွန်တော်လုပ်တတ်တဲ့ ကော်ဖီသောက်ခြင်းအမှုကိုစတင်ဖို့ အောက်ထပ်ဆင်းဖို့ပြင်ရတော့တယ် အောက်ထပ်ရောက်တော့ ဧည့်ခန်းထဲတွင် တွေတွေကြီးထိုင်နေတဲ့ kookie အပေါ်ထပ်ကဆင်းလာတဲ့ကျွန်တော့ကိုတောင် သူသတိမထားမိဘူးထင်ပါရဲ့ ငြိမ်သက်နေတယ် ကျွန်တော်ကပဲ kookie အနားသွားကာ မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်" ပြန်ရောက်ပြီလာ "
" အင်း "
ပုံမှန်ထက်ပိုအေးစက်နေတဲ့ အသံ
" ကွာရှင်းရအောင် "
" ဗျာ "
"ဟုတ်ကဲ့ ကွာရှင်းကြတာပေါ့ "
yoonie ရဲ့အသံ ဒီအသံ 3 နှစ်တာကာလအတွင်းပါ ကြားခဲ့ရတဲ့ သူ့အသံတွေထဲမှာ အပြတ်ဆုံးနဲ့ အနက်နဲဆုံးပဲ
" yoonie ကွာရှင်းရတဲ့အကြောင်းပြချက်ကို ကိုယ့်ကိုမမေးတော့ဘူးလာ "
" Min yoongi Min yoongi လို့ပဲခေါ်ပါ Jungkook hyung "
ထပ်ပြီး အရယ်အပြုံးမရှိပဲ ပြောလာတဲ့ ဒီကောင်လေးကြောင့် ထပ်ပြီး ကြောငိအရပြန်တယ် နာမည်တွေ ဘာတွေ တပ်ခေါ်လို့ပါလား
"တွေ့လိုက်တယ် jungkook hyung နဲ့ Kim Taehyung ကို ကော်ဖီဆိုင်မှာ ပြီး တော့ ဆေးခန်းပြတဲ့နေ့ အဲ့နေ့ ရုံးခန်းထဲက အဖြစ်အပျက်တွေအားလုံးကိုလည်း မြင်တယ် jungkook hyung ရဲ့ အလုပ်စားပွဲထဲက Kim Taehyung ရဲ့ ဓာတ်ပုံကိုလည်း မြင်တယ် မနေ့ညက Kim Tae hyung နဲ့ဖုန်းပြောပြီး သူ့ဆီကိုသွားတာလည်း သိတယ် "ကျွန်တော် ပါးစပ်အဟောင်းသားလေးနဲ့သာ နားထောင်နေမိသည် ဒီကောင်လေး ဒါတွေအားလုံးကိုသိနေခဲ့တာလာ သိနေလျက်နဲ့လည်း ကျွန်တော့်ကို ဘာတစ်ခုမှ မမေးခဲ့ဘူး
" ကျွန်တော်တို့ လက်ထပ်ပြီးတော့ ဘာတွေးမိလဲသိလာ "
ကျွန်တော် ခေါင်းမညိမ့် ခေါင်းမခါပဲ ဒီကောင်လေးကို အားနာသလိုကြည့်နေမိသည်
" တစ်နေ့ jungkook hyung ရဲ့ပျော်ရွှင်မှု အစစ်မှန်ရောက်လာရင် ကျွန်တော့်ရဲ့ နေရာမှန်ကို ထွက်သွားမယ်လို့ တွေးထားပြီးသား တစ်ခုတော့တောင်းဆိုပါရစေ Jin hyung တို့ မင်္ဂလာပွဲပြီးမှ ကွာရှင်းရအောင် "
YOU ARE READING
My Love ( completed )
RomanceMin Yoongi Jeon Jungkook Kim Tae Hyung Kim Seok jin. Kim Nam joon Jung Hoseok Park Jimin # အချစ်ဆိုတာ ဘာလဲတဲ့? ကျွန်တော်လည်း မသိဘူး ကျွန်တော့်အတွက်အချစ်ကတော့ Hyung ရှိရင် ဖြစ်ပေါ်လာမယ့်အရာဖြစ်ပြီး Hyung မရှိတော့တဲ့တစ်နေ့ ပျောက်ကွယ်သွားမယ့် မြူမှု...