Part - 24

1K 93 42
                                    

ခုဆိုရင် ကျွန်တော် Jungkook သည် မူကြိုကျောင်းသားမဟုတ်ပါပဲနဲ့ မူကြိုကျောင်းသို့ ပုံမှန်လာတတ်သည်မှာ ကျောင်းသားများထက်ပင် အချိန်မှန်သေးသည် မူကြိုဆရာမလေးတွေကို လာပိုးပန်းနေတာလား?လို့တောင် အမေးခံရဖူးသေးသည်
သမီးလိုချင်ရင် အမေကိုပေါင်း ၊ ညီမလိုချင်ရင် အစ်ကိုကိုပေါင်း ဆိုတဲ့တိုင်း ကျွန်တော့တွက်တော့ ပါးပါးကိုလိုချင်ရင် သားကိုပေါင်းပေါ့

"ဒီတစ်ကြိမ်ကရောဘာလာပေးပြန်တာလဲ  "
Jungkook ဝေခွဲမရဖြစ်နေသည့် အချက်တစ်ချက်ရှိသည် သူ့ရှေ့ကကျောပိုးအိတ်လွယ်ထားတဲ့မူကြိုကျောင်းသားလေးရဲ့ ခေါင်းမာမှုသည် သူနဲ့တူတာလား သူ့ပါးပါးနဲ့တူတာလားဆိုတာပင် သားငယ်လေးသဘောကျလောက်မယ့် ပစ္စည်းလေးတွေ တစ်ခုပြီး တစ်ခု နေ့တိုင်း မရိုးရအောင် သူယူလာပေးသည် ၊ သို့ပေမယ့် ယူလာပေးတိုင်း သူအငြင်းခံရလေသည်

jungkook သားရှေ့တွင် ဒူးတစ်ဖက်ထောက်ထိုင်လိုက်ကာ သားငယ်လေးရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ အနောက်ဘက်သို့ တွန့်ဆုတ်ချင်နေသော သားငယ်လေးရဲ့လက်ကို အားအနည်းငယ်ထည့်ကာ ဆုပ်ကိုင်ထားလိုက်သည်

" ဒီတစ်ကြိမ်တော့ Daddy က အရင်နေ့တွေနဲ့ လုံးဝမတူတာလေး ယူလာတယ် သားငယ်လေးတွေ့ရင် သေချာပေါက်သဘောကျမှာ "

' မတူတာလေး ' ဆိုတော့ စိတ်ဝင်စားဟန်ပြလာသော သားငယ်လေး ၊ သိတယ်မှတ်လာ? ကလေးတို့သဘာဝ အသစ်အဆန်းလေးတွေဆိုရင် အလိုလိုသဘောကျတတ်ကြသည်လေ ၊ထိုကောင်လေးက' ဘာလဲ ' ဆိုတဲ့သဘောနဲ့ မေးကလေးဆက်ပြသည်
Yoonki လေးဟာ ကျွန်တော့်သားမှန်းသိချိန်ကစပြီး ကျွန်တော့်ကိုယ်ကျွန်တော့ Daddy ဟုသာ သုံးနှုန်းတော့သည်

" စိတ်ဝင်စားလား?  "

" အရင်ကြည့်ကြည့်တာပေါ့ "

" Aigoooo ချစ်စရာလေးကွာ "

လက်လေးပိုက်ကာ မျက်ခုံးလေးပင့်ပြီး ပြောလာတဲ့ သားလေးကို သူအသည်းယားစွာ ဆံပင်လေးတွေကို ဆွဲဖွပစ်လိုက်သည်

" ဟာ့!  ရမ်းမလုပ်နဲ့လေ ဟိုမှာ ကောင်မလေးတွေ ကြည့်ကုန်ပြီ "

ဘုရားဘုရား ကျွန်တော့်သားလေးက ပဲများတတ်တာ ကျွန်တော့်အတိုင်းပါပဲလာ
သူ့ဘေးဘီကို ကြည့်လိုက်တော့လည်း ဟုတ်သားဟ ကျွန်တော့်သားငယ်လေးကို ကြည့်နေတဲ့ ကောင်မလေးတွေ ၊ ဆော်ကြည်တာလည်း ကျွန်တော်အတိုင်းပါပဲ

My Love ( completed )Where stories live. Discover now