နောက်ကျမှ ပြန်လာမိလို့တကယ်တောင်းပန်ပါတယ် kook ပိုင်ရှင်ရှိနေပြီးသား မင်းကို ထပ်ပြီးပိုင်ဆိုင်ချင်တဲ့စိတ်ကိုလည်း ငါထိန်းလို့မရခဲ့ဘူး အာ့ကြောင့် မင်းဆီကို ငါပြန်လာလို့ ရမယ့်နည်းလမ်းကိုအချိန်ပြည့်တွေး နေမိတယ်
နောက်ဆုံးတော့ မင်းရဲ့ ကုမ္ပဏီမှာ Project အသစ်အတွက် ရင်းနှီးမြှူပ်နှံသူရှာနေတယ်ဆိုတဲ့သတင်းကြောင့် ငါဘယ်လောက်ထိတောင် ပျော်ခဲ့ရလဲ ငါ့တွက် လမ်းစလေးတော့မြင်လာပြီလေ
မင်းကို စစချင်းပြန်တွေ့ကတည်းက ငါမက်မောခဲ့တဲ့ အဲ့နှုတ်ခမ်းတွေကို ငါတို့ အရင်က ဆုံနေကျ ကော်ဖီဆိုင်လေးမှာ ထပ်ပြီး နမ်းခွင့်ရပြန်တယ် မင်းဘက်က အဆုံးထိမလိုက်သည့်တိုင်အောင် အချိန်တစ်ခုထိ လိုက်လျောပေးလို့ ကျေးဇူးတင်ပါတယ်
ပိုင်ရှင်ရှိပြီးသားလူတစ်ယောက်ကို မက်မောနေလို့ ကျွန်တော့ကို အပြစ်တင်ချင်လည်း တင်ကြပါစေတော့ kook ကိုသာ ပိုင်ဆိုင်ရရင် လူ့အသိုင်းဝိုင်းထဲက ဖယ်ကျဥ်လိုက်ရင်လည်း Kim Tae hyung က ဂရုမစိုက်တာမို့ Min yoongi နဲ့ Kook ကလည်း ချစ်လို့မဟုတ်ပဲ မိဘသဘောတူလို့ လက်ထပ်ထားကြတာလေ kook ကိုပိုင်ဆိုင်ချင်တာ ကျွန်တော်မမှားဘူးလို့ထင်တယ်
................
yoonie ကျွန်တော့်ကို ရှောင်ဖယ် ရှောင်ဖယ်လုပ်နေတာ တစ်ပတ်လောက်ရှိပြီ ဆေးခန်းသွားပြတဲ့နေ့ကနေစပြီးတော့ပေါ့ အဲ့နေ့ကကျွန်တော်ပြန်ရောက်တာတောင် yoonie ကမရောက်သေး ညနေမှောင်ရီစပျိုးချိန်မှ ပြန်ရောက်လာသည် မျက်နှာလည်းမကောင်းပေ ဆရာဝန်ဘာပြောသလဲဆိုတော့လည်း ရိုးရိုးရင်ပြည့်တာပဲတဲ့ ပြီးတော့ ပင်ပန်းတယ်ဆိုပြီး အရင်အိပ်သွားသေးသည် အဲ့ကနေစပြီးတော့ yoonie မျက်နှာကို မြင်ရဖို့ တောင်တော်တော်လေး ခက်လာသည်
" yoonie ဘယ်သွားမလို့လဲ "
မနက်စောစော ထသွားတတ်သော yoonie ကြောင့် သူ့ကိုအမိဖမ်းရဖို့ ကျွန်တော်ပါ စောစောထလိုက်သည် ခုလည်းကပ်တီးလေး လွဲတော့မလို့ သူကတောင် အိမ်ပေါက်ဝတောင်ရောက်နေပြီလေ
" jin hyung တို့ဆိုင်သွားမလို့ hyung "
ကျောပေးလျက်ပင် ပြန်ဖြေနေသည်
YOU ARE READING
My Love ( completed )
RomanceMin Yoongi Jeon Jungkook Kim Tae Hyung Kim Seok jin. Kim Nam joon Jung Hoseok Park Jimin # အချစ်ဆိုတာ ဘာလဲတဲ့? ကျွန်တော်လည်း မသိဘူး ကျွန်တော့်အတွက်အချစ်ကတော့ Hyung ရှိရင် ဖြစ်ပေါ်လာမယ့်အရာဖြစ်ပြီး Hyung မရှိတော့တဲ့တစ်နေ့ ပျောက်ကွယ်သွားမယ့် မြူမှု...