" yoongi တစ်ခုခု စားပါဦး "လူနာဝတ်စုံအဖြူရောင် ဝတ်ဆင်ထားကာ ခုတင်ထက်တွင် လဲလျောင်းနေသော jungkook ရဲ့ လက်ဖဝါးပြင်ကို ဆုပ်ကိုင်ထားသော yoongi က အသက်မဲ့စွာ ခေါင်းသာ ခါပြနိုင်သည်
" ဒါဆို ခဏလောက်ဖြစ်ဖြစ် အနားယူရအောင် "
" 2 ရက်ရှိပြီ kookie သတိမရသေးတာ 2 ရက်ရှိပြီ hyung ရဲ့ "
ကျစ်! မင်းလည်း ဘာမှမစားပဲ ဒီတိုင်းနေနေတာ 2 ရက်ရှိပြီလေ yoongi လို့သာ jin လည်း ပြောလိုက်ချင်တော့သည် သူ့စိတ်ကို နားမလည်ပေး၍တော့မဟုတ်ပါ သူကိုယ်တိုင်ကလည်း နေမကောင်းသေး၍သာ
" hyung သိရဲ့လာ Dr က ပြောသွားတယ် 3 ရက်နေလို့မှ kookie သတိမရရင် ကိုမာ ဖြစ်သွားနိုင်တယ်တဲ့ 1 ရက် အချိန် 1 ရက်ပဲ ကျန်တော့တယ် "
" အင်းပါ hyung သိတာပေါ့ Jungkook က ပြန်နှိုးလာမှာ သူက yoongi နဲ့ yoonki လေးကို ဒီတိုင်းပစ်ထားမှာ မဟုတ်ပါဘူး "
သူ့ကိုနှစ်သိမ့်စကားဆိုရင်း သူ့ပုခုံးကိုဖက်လိုက်တော့ ကျွန်တော့်ရဲ့ခါးကို ပြန်ဖက်လာကာ တရှူံ့ရှူံ့နဲ့ငိုနေသော yoongi
jin hyung ပြောသလိုပဲ yoonie တို့သားဖကို ဒီတိုင်းမထားသွားရဘူးနော် kookie ၊ kookie သေချာပေါက် ပြန်နှိုးထလာပေးပါ yoonie က kookie ဖြစ်ချင်တဲ့တိုင်း ဖြည့်ဆည်းပေးမှာမလို့ kookie ကိုအထင်လွှဲကြောင်း Sohee noona လာရှင်းပြလို့လည်း သိပြီးပါပြီ
" hyung သားငယ်လေးကို သေချာပို့ပေးလိုက်ရဲ့လာ "
သူ့မှာ ခုမှ yoonki လေးကို သတိရတယ်ထင်ပါရဲ့
" အင်း jhope နဲ့ jimin ပါ yoonki လေးနဲ့အတူ အဖော်နေပေးနေတယ် kihyung ကိုလည်း hyung အကျိုးကြောင်းဖုန်းဆက်ပြောထားတာမို့ yoongi က ကိုယ့်ကိုကိုယ်သာ ဂရုစိုက်နော် "
ထိုနေ့က သားငယ်လေး သတိလစ်သွားတာကိုပဲ ကျေးဇူးတင်ရမလာ မဟုတ်လျှင် သူ့ Daddy ရဲ့အခြေနေကိုများ တွေ့လိုက်လျှင် နောက်ဆက်တွဲ ဖြစ်လာမယ့်အရာတွေကို ကျွန်တော်တွေးတောင်မတွေးရဲပေ ခုလည်း သူ့ Daddy အကြောင်းကို လျှို့ဝှက်ကာ ဒယ်ဂူသို့ ပို့ထားလိုက်သည်
" jin နေ့လည်စာ စားရအောင် "
လက်ဆွဲအိတ် 3/4 လုံးလောက်ကို ဆွဲကာ ဝင်လာသော Namjoon hyung က jin hyung ဆီသို့ အိတ်တွေကို လွှဲပြောင်းပေးကာ ကျွန်တော့်ဘေးတွင် လာထိုင်သည်
YOU ARE READING
My Love ( completed )
RomansaMin Yoongi Jeon Jungkook Kim Tae Hyung Kim Seok jin. Kim Nam joon Jung Hoseok Park Jimin # အချစ်ဆိုတာ ဘာလဲတဲ့? ကျွန်တော်လည်း မသိဘူး ကျွန်တော့်အတွက်အချစ်ကတော့ Hyung ရှိရင် ဖြစ်ပေါ်လာမယ့်အရာဖြစ်ပြီး Hyung မရှိတော့တဲ့တစ်နေ့ ပျောက်ကွယ်သွားမယ့် မြူမှု...