[အပိုင်း ၁] unicode+zawgyi

5K 147 7
                                    

"မန္တလေးတက္ကသိုလ်က မြန်မာနိုင်ငံမှာ ဒုတိယမြောက်တည်ထောင်ခဲ့တဲ့ တက္ကသိုလ်လေ။
ပထမဆုံးကတော့ ရန်ကုန်တက္ကသိုလ်ပေါ့။အရင်က မန္တလေးဥပစာကောလိပ်လို့် ခေါ်ရာကနေ နောက်တော့ မန္တလေးတက္ကသိုလ်ဆိုပြီး အခေါ်အဝေါ် ပြောင်းလိုက်တယ်လေ။
ဖေဖေတို့တုန်းကတော့ ဒီလို ဘယ်ဖွံ့ဖြိုးဦးမလဲ။ အခုတော့ အရင်ကနဲ့မတူ တိုးတက်ပြောင်းလဲလာလိုက်တာ "

ဖေဖေက သူမန်း​လေးတက္ကသိုလ်မှာ တက်ခဲ့စဥ်ကအကြောင်းတွေကို ဆွေးဆွေးမြေ့မြေ့ ပြောပြနေပါသည်။ အသံက အတိတ်ကို လွမ်းဆွတ်တမ်းတနေသလိုပင်။

ကျွန်မက ဖေဖေပြောသမျှအကြောင်းအရာတွေကို ကြားတစ်ချက် မကြားတစ်ချက် နားထောင်နေမိသည်။
ကားက 73လမ်းပေါ်တက်လာတော့ ဘေးဝဲယာမှ အထည်ဆိုင်များက ကျွန်မမြင်ကွင်းထဲပေါ်လာပါသည်။
အရောင်အသွေးစုံလင်စွာ လှပဆန်းသစ်သော အဝတ်အစားတန်းများကို ကျွန်မ မျက်စိတစ်ဆုံး ငေးကြည့်နေမိသည်။
ကားကတရွေ့ရွေ့သွားနေသည် နှင့်အမျှ အားလုံး ကာလာစုံပုံရိပ်အသွင်မှ မှုန်မှုန်ရေးရေး ဝေးဝေး ပြယ်ပျောက်သွားကြပါသည်။

မန်းလေးတက္ကသို်လ် မုဒ်အဝရှေ့ရောက်လာချိ်န်မှာတော့ ဂိတ်မှာတာဝန်ကျ ကျောင်းလုံခြုံရေးများက ရပ်စစ်သဖြင့် ကားခဏရပ်ရပါသည်။
ဖေဖေက
"ကျောင်းသူအသစ်ပါ အဆောင်နေမှာမို့လေ...အခုအဆောင်ကိုသွားမလို့ "

"ဟုတ်ကဲ့ သွားလို့ရပါပြီ ခင်ဗျာ"

"ဟုတ် ကျေးဇူးပါ။ "
နေရာတကာ ကျေးဇူးတင်စရာပြောသည်က ဖေဖေ့အကျင့်လိုဖြစ်နေသည်။
အလွန်လောကွတ်ချော်တတ်သည်။ ကျွန်မ မကြိုက်ပါ။

"ဖေဖေတို့တုန်းကဆို ကျောင်းကို တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာလို့်ရတယ်။
သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် စက်ဘီးနဲ့ လျှောက်သွားကြတာပဲ။
အခုလို ကျောင်းလုံခြုံရေးအစောင့်တွေ ဘယ်ရှိပါ့မလဲ။ ပစ္စည်းပျောက်တာတွေ ဘာညာလည်း မကြားဖူးပါဘူး "

ဖေဖေပြောသမျှ နားထောင်ရင်း ကားနောက်ခန်းမှာ ငြိမ်ငြိမ်လေးထိုင်ကာ လိုက်လာခဲ့ပါသည်။
အဓိပတိလမ်းပေါ်ရောက်တော့ တိုင်လုံးအကြီးကြီးတွေနှင့်တည်ထားသော ပင်မကျောင်းဆောင်ကြီးကို မြင်တွေ့ရပါသည်။ တိုင်လုံးများကိုရေတွက်​​ကြည့်တော့ ​ခြောက်လုံးတိတိ ရှိ​သည်။
ပညာရန့ံများ ဆွတ်ပျံ့မွှေး​ကြိုင်နေသော မန္တလေးတက္ကသိုလ်မှ လေပြည်အေးများကို ကျွန်မ တစ်ရှိုက်ခံစားမိလိုက်သည်။

သက်တံကို ဖမ်းခြင်း Where stories live. Discover now