ထမင်းစားဆောင်ထဲ ရောက်သွားချိန်တွင် ကျွန်မတို့လို အဆောင်နေသူများကို တွေ့ရပါသည်။
အားလုံးပေါင်း 200ဝန်းကျင်ခန့်ရှိမည်ဟု ကျွန်မခန့်မှန်းနေမိသည်။
ပိုးပိုးက အရှေ့ဆုံးက လွတ်နေတဲ့ ခုံတစ်ခုမှာ ဝင်ထိုင်တော့ ကျွန်မလည်း သူ့ဘေးမှာ လိုက်ထိုင်လိုက်သည်။
ခဏအကြာတွင် အမျိုးသမီး 4ဦး ဝင်လာပါသည်။
အလယ်က အမျိုးသမီးက တော်တော်ချောတာပဲ ဆိုတဲ့အတွေးက မြင်မြင်ချင်းမှာပင်ဝင်ရောက်လာသည်။"သမီးတို့ အားလုံးနဲ့ တွေ့ဆုံရတာ ဝမ်းသာပါတယ်။
တီချယ်က zoologyက ပါမောက္ခ ဒေါက်တာဟေမာန်လွင်ပါ၊
ဒီအဆောင်ရဲ့ အဆောင်မှူးပါဒီဘက်က ပထမထပ်ရဲ့အဆောင်နည်းပြ ဆရာမဒေါ်ကေသီမြင့်၊ physics က လက်ထောက်ကထိက၊
ဒီဘက်ကတော့ တတိယထပ်ရဲ့ hall tutor ဆရာမ ဒေါ်ယွန်းရွှေလွှာ၊ Industrial Chemistry Department က Demonstrator၊
ဒီဘက်အစွန်ဆုံးက ဆရာမကတော့ ဒေါက်တာမေမွန်ကျော် ၊ မြန်မာစာက ကထိက။
4ထပ်က သမီးတွေရဲ့ hall tutor အဖြစ်တာဝန်ယူမဲ့ဆရာမပါ။"စောစောက ချောလိုက်တာဟု တွေးမိတဲ့ အလယ်က အရပ်ရှည်ရှည် တီချယ်ကနှုတ်ဆက်စကားပြောရင်း hall tutor ဆရာမများနာမည်ကိုပါမိတ်ဆက်ပေးပါသည်။
"ဟဲ့ရေ..ငါတို့ 2ထပ်က hall tutor ဆရာမ မရှိဘူးပေါ့"
"2ထပ်က ဆရာမက မရောက်သေးတာပါ။ မနက်ဖြန်လောက်မှ ရောက်မယ်ထင်တယ် သမီး.. "
ပိုးပိုးက ကျွန်မကို လှမ်းပြောသည်ကို အဆောင်မှူးတီချယ်က ကြားသွားပြီး ဝင်ဖြေလိုက်တော့ ငပိုးတကောင် ရှက်ပြီး ဇက်ကလေးပုသွားပါသည်။
အဆောင်မှူးက သြဝါဒတွေခြွေပြီးသည့်နောက်မှာတော့ တစ်ထပ် တစ်ယောက် ECရေွးပါသည်။
"ရွှေကြယ်..ငါတို့2ထပ်ရဲ့ EC နင်လုပ်ပါလား၊
ငါ ECရဲ့ အခန်းဖော် ဖြစ်ချင်တယ်လေဟာ""တော်ပါ...ECဆိုတာ Essential Cowပဲကွ၊ ငါပင်ပန်းမှာပေါ့"
"ဟဲ့ ငါကြားဖူးတာ ECဆို အဆောင်ညစာစားပွဲတွေ လိုက်ရတယ်တဲ့။
နင်မုန့်စားရမှာလေဟာ"မုန့်စားရမည့်အကြောင်းကို ကြားလိုက်တော့ တွေဝေခြင်းကင်းစွာပင် ECလုပ်ရန် ကျွန်မသဘောတူလိုက်ပါသည်။
ကမ္ဘာပေါ်တွင် ကျွန်မမလွန်ဆန်နိူင်သည့် တစ်ခုတည်းသော အရာသည် အစားအသောက်ဖြစ်၏။
ငယ်ငယ်က သူငယ်ချင်းတွေရဲ့ အိမ်စာရေးပေးပြီး 3မျက်နှာကို Oishiတစ်ထုတ်ကြေး ကျွန်မလုပ်စားခဲ့သည်ကို ပြန်သတိရမိသည်။
YOU ARE READING
သက်တံကို ဖမ်းခြင်း
Romanceမင်းကလမင်း ဘေးနားမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ ကြယ်ကလေးတစ်ပွင့်ပါ။ တို့က လမင်းလေ ၊ ကြယ်ပွင့်လေးကတော့ မင်းပေါ့။ လမင်းကြီး ဘေးမှာ ကြယ်ကလေးဟာ အမြဲရှိနေလိမ့်မယ်။ ပြီးရင် သက်တံအတူတူ ဖမ်းကြမယ် ။ မင်းကလမင်း ဘေးနားမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ြ...