တီချယ့်ကိုကြည့်နေရင်း ကျွန်မရင်တွေ ပိုခုန်လာသည်။
"တီချယ် ဟို..
ကြယ်ကြယ်လေ..."အသံတွေတုန်ေနပြီး ကျွန်မစကားပြောလိုက်စဥ် တီချယ့်ခေါင်းပြန်ထောင်လာသည်။
"မူးတယ်၊ အရမ်းအန်ချင်တယ်"
ဖမ်းဆုပ်ထားသည့် ကျွန်မလက်ကို လွတ်ချလိုက်ကာ အိပ်ရာပေါ်ကဆင်းပြီး ရေချိုးခန်းများဘက် ဒယိမ်းဒယိုင် ပြေးထွက်သွားသည်။စိတ်ပူသဖြင့် ကျွန်မ အနောက်ကပြေးလိုက်သွားမိပါသည်။
ရေချိုးခန်းရောက်တော့ တီချယ်ကအန်နေသည်။ဆံနွယ်တွေကို သပ်ကာပင့်ပေးရင်းနောက်ကျောကို ကွျန်မ ဖြည်းဖြည်းလေးထုပေးနေမိသည်။အချိန်အတော်ကြာ အပြီးမှာ တီချယ်ခေါင်းထောင်လာပြီး လမ်းလျှောက်ကာ ဘေစင်ရှေ့သွားရပ်လိုက်သည်။
ေဘစင်မှာ လက်ဆေးရင်း မျက်နှာကိုပါ ရေနှင့်တခါတည်း သစ်လိုက်သည်။
မျက်နှာပေါ်ကရေတွေကို ပြန်သပ်ချကာ ဆံပင်တွေကို ပြင်ဆင်လိုက်ပြီး သက်ပြင်းတစ်ချက်ချသည်။ ဘေစင်ပေါ် လက်ထောက်ထားရင်း မှန်ထဲက သူ့ပုံရိပ်ကိုစိုက်ကြည့်နေသည်။
သူ့ကို ရပ်ကြည့်နေတဲ့ အနောက်က ကျွန်မကို မှန်ထဲကနေလှမ်းကြည့်နေရင်း တီချယ်ကတစ်ချက်ပြုံးပြသည်။
ရေစက်တွေ တွဲခိုနေသည့် မျက်နှာလှလှမှာ အပြုံးတစ်ပွင့်ပေါ်လာတော့ အတော်ပင် မြတ်နိုးစရာကောင်းလှသည်။
တီချယ့်မျက်နှာက ရွှင်ရွှင်လန်းလန်းရှိလာဟန် တူသည်။"သွားရအောင် လာ.."
ကမ်းလှမ်းလာသည့် တီချယ့်လက်ကို ကိုင်လိုက်တော့ ကျွန်မလက်ကို ဆုပ်ကိုင်လိုက်ပြီး ရေချိုးခန်းထဲက ဆွဲခေါ်သွားသည်။"တီချယ် အခန်းက ဒီဘက်မှာလေ.."
အခန်းဘက်မဟုတ်ဘဲ အနောက်ဘက်စင်္ကြလမ်းအတိုင်း ခေါ်လာသဖြင့် ကျွန်မ ယောင်ယောင်မှားမှားဖြစ်ကာ မေးလိုက်သည်။"တို့ သိပါတယ်.."
ပြောဆိုရင်း တီချယ်က 3ထပ်လှေကား အကွေ့ဘက်တက်လိုက်သည်။ကျွန်မလက်ကို ဆုပ်ကိုင်ဆွဲထားဆဲ ဖြစ်ပြီးတီချယ်ကအနောက်ကို လှည့်မကြည့်ဘဲ 3ထပ်လှေကားများဆီ ဦးတည်သွားနေသည်။"တီချယ် ကြယ်ကြယ်တို့တက်လာတာ 3ထပ်ကြီး၊ အခန်းက အောက်ထပ်မှာလေ"
YOU ARE READING
သက်တံကို ဖမ်းခြင်း
Romanceမင်းကလမင်း ဘေးနားမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ ကြယ်ကလေးတစ်ပွင့်ပါ။ တို့က လမင်းလေ ၊ ကြယ်ပွင့်လေးကတော့ မင်းပေါ့။ လမင်းကြီး ဘေးမှာ ကြယ်ကလေးဟာ အမြဲရှိနေလိမ့်မယ်။ ပြီးရင် သက်တံအတူတူ ဖမ်းကြမယ် ။ မင်းကလမင်း ဘေးနားမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ြ...