[အပိုင်း-၁၅]

1.6K 167 75
                                    

"မနေ့ညက တို့ဖုန်းဆက်တော့ ပိုးပိုးကိုင်တယ်။ မင်းဖျားနေတယ်တဲ့။ ဆေးသောက်ပြီး အိပ်ပျော်သွားပြီလို့ သူပြောတယ်။ တို့လာပါသေးတယ်။ အခန်းထဲမှာပိုးပိုးကလည်းမရှိဘူး၊ မင်းလည်းအိပ်မောကျနေတာနဲ့ မနိုးတော့ဘဲနေလိုက်တာ။ဒါနဲ့မနက်ကျောင်းသွားခါနီးက လာကြည့်တော့ မင်းကအိပ်နေတုန်းပဲကွယ်။ အဲ့တာနဲ့ပဲ အခုနေ့လည် အတန်းပြီးတော့ ထပ်လာကြည့်တာ"

ကျွန်မကျောကို ပွတ်သပ်ပေးရင်း တီချယ်က
စကားကို တစ်လုံးစီ ဖြည်းဖြည်းပြောပါသည်။မျက်ဝန်းက မျက်ရည်စတွေကို လက်ဖမိုးနဲ့အသာ ဖယ်ရှားမိရင်း ဖက်ထားရာကနေ ကျွန်မ ကိုယ်ချင်းခွာလိုက်သည်။

"အဖျားကရှိနေတုန်းပဲထင်တယ်၊ ကိုယ်နည်းနည်းနွေးနေသေးတယ်"
ကျွန်မ နဖူးပေါ်လက်တင်ကာစမ်းလိုက်ရင်း စဥ်းစားဟန် မျက်လုံးခပ်မှေးမှေးမှိတ်ကာ လူနာကို လိုသည်ထက်ပိုစွာ ပြုစုတတ်သည့် သူနာပြုမလေးဟန် ဆက်ပြောနေပြန်သည်။

အခုဘယ်အချိန်ရှိနေပြီများလဲ။ကျွန်မ တွေးနေသည်ကို တီချယ်သိသွားဟန်ဖုန်းကနာရီကို တစ်ချက်ဖွင့်​ေနသည်။ screen lock က wallpaper ကို ဘာပုံများထားလိမ့်မလဲဟု ကျွန်မစူးစမ်းကာ ငေးကြည့်မိသည်။ ဖုန်းပွင့်သွားတော့ wallpaper က နောက်တစ်မျိုးပြောင်းသွားပြန်သည်။ Random wallpaper လုပ်ထားတာပဲ။ လက်ချောင်းလေးတွေရဲ့လှုပ်ရှားပုံကိုသာ ကျွန်မ ငေးကြည့်နေမိပါသည်။

"1နာရီခွဲတော့မယ်၊ တို့လာမှ မင်းနိုးတယ်ထင်တယ်"
ကျွန်မ စကားသံထွက်ဖို့ရာ အင်အားမရှိသဖြင့် ခေါင်းအသာညိတ်ပြလိုက်သည်။

"အင်းပါ၊ မနက်စာလည်း မစားရသေးဘူးထင်တယ်...."
ကျွန်မ ခေါင်းထပ်ညိတ်ပြလိုက်သည်။

"ကိတ်မုန့်တော့ ရှိတယ်၊ ကော်ဖီနဲ့တွဲသောက်လိုက်။ ပြီးရင် ဆေးသောက်လေနော်"
ကျွန်မ ခေါင်းကိုနှစ်ချက်ဆင့် ညိတ်ပြရင်း တီချယ့်ကို ပြုံးပြမိသည်။

"ဘာတွေများ အိပ်မက်မက်နေသလဲကွယ်။ တို့ရောက်လာတော့ မင်းမောဟိုက်ပြီး ​အော်နေတယ်။ အိပ်မက်ဆိုးတွေများလား"

"ဟုတ်.."
အားယူပြီး စကားပြောလိုက်တော့ အသံကထွက်လာသည်။
နဖူးပေါ်ကျနေတဲ့ ဆံစတစ်ချို့ကို ဖယ်ရှားပေးနေရင်း ကျွန်မကို သနားဟန် ညင်သာစွာ ပြောနေပြန်သည်။ ဆိုးနေကျ အညိုဖျော့ဖျော့ နှုတ်ခမ်းနီအရောင်မဟုတ်တော့မှန်း ကျွန်မ သတိထားမိသည်။နှုတ်ခမ်း နီစွေးစွေးလေးက စကားတွေ တတွတ်တွတ်ပြောနေတော့ သိပ်ချစ်ဖို့ကောင်းပါသည်။
ဆံစတွေကို ဖယ်ရှားပေးနေရင်းက ကျွန်မ
မျက်နှာကို ကြည့်​ပြီးတီချယ်ရုတ်တရက် ထရယ်ပါသည်။ ကျွန်မ မျက်နှာမှာ တစ်ခုခုပေနေလို့များလား။ ကျွန်မနားမလည်စွာ တီချယ့်ကိုကြည့်မိတော့ရယ်ချင်စိတ်ကို မြိုသိပ်ထားရဟန် နှုတ်ခမ်းများကို တင်းတင်းစိလိုက်သည်။

သက်တံကို ဖမ်းခြင်း Where stories live. Discover now