[အပိုင်း-၉]

1.3K 148 15
                                    

2ထပ်ကိုပြန်ဆင်းခဲ့ကြပြီး ကျွန်မ ကိုယ့်အခန်းကိုယ် ပြန်ဖို့ခြေလှမ်းတော့ တီချယ်ကလှမ်းဆွဲလိုက်သည်။

"တို့ တစ်ယောက်တည်း မနေချင်လို့
မင်း အတူတူ လာနေပေးမယ် မလားဟင်"

မျက်နှာလေးကို တမင်မဲ့လိုက်ပြီး သနားစဖွယ် အသံလေးနဲ့ပြောနေသည်။
ကျွန်မ နှလုံးသားတစ်ခုလုံး အရည်ပျော်သွားသလိုပင်။

" လာ ကြယ်ကြယ်.. ခုတင်ပေါ်တက်ခဲ့"
အခန်းထဲရောက်တော့ အိပ်ရာပေါ်တက်လိုက်ပြီး နံရံကိုမှီနေကြရင်း တီချယ်နဲ့ ကျွန်မ ဘေးချင်းယှဥ်လျက် ထို်င်လိုက်ကြသည်။
ဖုန်းကိုင်ပြီး တီချယ်က အလုပ်ရှုပ်နေပြန်သည်။တစ်စုံတစ်ရာ ရှာဖွေနေသလိုပင်။

"တွေ့ပြီ"
ဖုန်းကို ကျွန်မတို့နှစ်ယောက်အလယ် ချထားလိုက်ပြီး ကျွန်မနားကပ်လာသည်။
ကျွန်မဦးခေါင်းကို သူ့ပုခုံးပေါ်မှီလဲချစေလိုက်ရင်း နံရံကိုမှီပြီး ကျွန်မတို့နေကြသည်။
တိတ်ဆိတ်နေတဲ့ အခန်းလေးထဲက လေထုကို သီချင်းတီးလုံးသံက ဖြိုခွင်းလိုက်သည်။

🎶မင်းနဲ့ဝေးတဲ့နေ့တိုင်းမှာ ကိုယ့်ရဲ့ဘဝက သေဆုံးကာ...
တစ်ယောက်တည်းပေါ့ ဒီလမ်းမှာ...
အဆင်မပြေဘူး နေထိုင်ရတာ 🎶

"တီချယ် သီချင်းကြီးကလည်း ဆွေးနေသလို..."
စကားမဆုံးသေးခင် တီချယ်က ကျွန်မနှုတ်ခမ်းတွေပေါ် လက်ညိုးနဲ့ပိတ်လိုက်ပြီး တိတ်တိတ်နေဖို့ ပြောသည်။

🎶မင်းလေးတစ်ယောက်ကို တကယ်ချစ်တာ..
တီးတိုးစကားတွေ မယုံဘူးလား
တစ်ယောက်တည်းပေါ့ အိမ်ထဲမှာ..
မတ်တပ်ရပ်ဖို့ အင်အားဟာ🎶

သီချင်းသံက အခန်းလေးထဲပျ့ံလွင့်လို့နေသည်။အသံလုံသဖြင့် အခန်းထဲမှာ
ကျွန်မတို့နှစ်ယောက်နဲ့အတူ သီချင်းစာသားတွေက ရောယှက်ထွေးပတ်နေသလိုပင်။

🎶မခံနိုင်ဘူး ဒီရင်ထဲက
မင်းနဲ့မတွေ့တဲ့ နေ့တိုင်းမှာ...
မင်းနဲ့မတွေ့တဲ့ ညတို်င်းမှာ...
ကိုယ့်ရဲ့ဘဝက အလကားပါ 🎶

တီချယ်က ကျွန်မလက်ကို ဖွဖွလေးကိုင်ထားရင်းက ဖျစ်ညှစ်လိုက်သည်။ကျွန်မမော့ကြည့်လိုက်တော့ ခပ်ရေးရေးလေးပြုံးပြသည်။

သက်တံကို ဖမ်းခြင်း Where stories live. Discover now