[အပိုင်း-၁၄]

1.5K 129 11
                                    

တက္ကသိုလ်တက်ရသည့် နေ့စွဲတွေက တကယ်ကို ပျော်စရာအတိ ဖြစ်၏။
တက္ကသိုလ်စျေးရောင်းပွဲ ၊ ဂီတဆည်းဆာ အမှတ်တရ စသဖြင့် ပွဲတွေကလည်း ဝေဝေဆာဆာ ပြုလုပ်ကြသည်။ များပြားလွန်းလှသည့် ပွဲများထဲမှ ကျောင်းသင်္ကြန်ကတော့ ကျွန်မတို့တစ်တွေ အပျော်ဆုံး ဖြစ်၏။

အမြဲတမ်း အတိုင်အဖောက်ညီကြသည့် ကျွန်မနဲ့ ပိုးပိုးလည်း ကျောင်းသင်္ကြန်ပျော်ဖို့မနက်ကတည်းက အဝတ်အစားတွေ တစ်ထည်ပြီးတစ်ထည် ရွေးဝတ်နေကြရင်း အလွန် စိတ်လှုပ်ရှားနေကြသည်။
ပိုးပိုးက သူကြိုက်တဲ့ အဆိုတော်ပါ လာမည်ကြားသဖြင့် ပိုပြီး စိတ်လှုပ်ရှားပျော်ရွှင်နေပါသည်။သီချင်းလေး တညည်းညည်းဆိုရင်း ဖုန်းနဲ့ ကျောင်းသားကတ်တွေကို ရေစိုခံအိတ်ထဲထည့်နေလေသည်။

မွန်းကြပ်တဲ့နေ့ရက်များမှာ ငါ့ကိုယ်ငါပြန်သုံးသပ်ခဲ့××လွဲမှားစွာဆုံးဖြတ်မိတဲ့ ငါ့ရဲ့မှားတဲ့ ဆုံးဖြတ်ချက်××ဟိုးတုန်းက ပျော်စရာများတဲ့ ငါတို့ နှစ်ယောက်ရဲ့ အတိတ်ဘဝ××စိတ်ကူးယဥ်ငါ့ရဲ့ အတွေးဟာ ကောင်းကင်ကြီးပြိုမည်းမှိုင်းမှောင်ညို××××

"ပိုးပိုး မနက်စောစောစီးစီး အသံဆိုးကြီးနဲ့မနှိပ်စက်ပါနဲ့လားဟယ်။ စာသားလည်း မမှန်ဘူး။ စိတ်ကုန်တယ် တကယ်"

အမြဲ..ရင်ထဲပြည့်ကြပ်နေလို့..ခံစားရခက်နေလို့××ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲ မှာသိပ်ချစ်မိတာကို×××

ငပိုးက ကျွန်မစကားကို မ​ကြားသလိုပင် မျက်နှာနားပိုကပ်လာပြီး ခံစားချက်အပြည့်နဲ့ဆက်ဆိုနေသည်။ ကျွန်မကတော့ သူကီးကြောင်ပြီး ဆိုနေသည့် အသံဆိုးကြီးကို နားထောင်နေရသည်။

"မဆိုနဲ့တော့လို့...၊ အသံဆိုးကြီးနဲ့ နှိပ်စက်နေတယ်။ ဒီ ဘစိုင်းဆိုတာ ဘာများကောင်းလို့လဲ။ အိုနေပြီ"

"နင်ကများ ငါ့စိုင်းစိုင်းကို ဘစိုင်းတဲ့။ သေချင်ပြီထင်တယ်၊ ဘစိုင်းလို့ မခေါ်နဲ့"

"ခေါ်မှာပဲ... ဘစိုင်း ဘစိုင်း"

"မိရင် နင်အသေပဲ ငကြယ်"

ကျွန်မလိုက်စတော့ ပိုးပိုးက စိတ်ဆိုးသွားပြီး လိုက်ရိုက်သဖြင့် အခန်းထဲက ထွက်ပြေးရတော့သည်။

သက်တံကို ဖမ်းခြင်း Where stories live. Discover now