အဆောင်ရှေ့ရောက်တော့ တီချယ်က ကားရပ်ထားခဲ့ပြီး အဆောင်ထဲဝင်သဖြင့် ကျွန်မလည်း အနောက်ကနေ လိုက်ရသည်။
တီချယ့်ခြေလှမ်းတွေက အတော်မြန်သဖြင့် မီအောင်လိုက်ရပါသည်။2ထပ်ကိုတက်လာပြီး လှေကားအကွေ့ရောက်တော့ ကျွန်မ ဆက်ပဲလိုက်သွားရမလား အခန်းကိုပြန်ရမလား ဝေခွဲမရဖြစ်နေပါသည်။ အခန်းပဲပြန်ဖို့ ခြေလှမ်းတွေကို ဦးတည်လိုက်သည်။
"ဒါက ဘယ်လဲ.."
ပြောပြောဆိုဆို တီချယ်က ကျွန်မကိုအင်္ကျီ ဂုတ်ကနေ လှမ်းကိုင်ပြီး သူ့အခန်းထဲ ခေါ်ဆွဲသွားသည်။အခန်းထဲရောက်တော့ ဝင်သွားသည့်အတိုင်း တီချယ်က ကျွန်မကို ကျောပေးထားသည်။မလှည့်လာပါ။
တံခါးကို ပိတ်လိုက်ပြီး တံခါးနား ကျွန်မ မတ်တပ်ရပ်နေရသည်။တီချယ့်အခန်းကို မျက်စိတစ်ချက်ဝေ့ပြီး ကြည့်မိလိုက်ပါသည်။
ပစ္စည်းများနေရာတကျ ရှိပြီး ခုတင်ကလည်း သန့်ပြန်နေသည်။
တီချယ့်အခန်းထဲက လေဟာနယ်က ကျွန်မတို့ အခန်းတွေနဲ့မတူ ပိုရှူလို့ကောင်းသည်ကိုတော့ သတိထားမိပါသည်။အခြေအနေကိုတော့ မခန့်မှန်းတတ်ပါ။
အခန်းထဲမှာ အသံကတိတ်ဆိတ်နေဆဲ။"ရည်းစားရှိတာ ဘာလို့မပြောတာလဲ? "
တီချယ့်ဆီက ခပ်ပြတ်ပြတ်စကားတစ်သံ ထွက်လာသည်။
"ရှင် ၊ မဟုတ်...."
"ဘာကို မဟုတ်တာလဲ၊ ဟမ်
ဘာကိုမဟုတ်တာလဲ လည်ပင်းက ဟာက marking ရာ မဟုတ်လို့ ဘာလဲ။""Hotel လိုက်သွားတာရော ဘယ်နှခါ ရှိပြီလဲ"
ကျွန်မစကားမဆုံးသေးခင် တီချယ်ကကျွန်မဘက် လှည့်လာပြီး မေးခွန်းထပ်မေးပြန်သည်။
"အဲ့လိုမျိုး အထုတ်ကလေးပိုက်ပြီး ယောက်ျားတကာနဲ့ hotelလိုက်အိပ်နေတာပဲလား ဟမ်၊ ပြောစမ်းပါ!
အသက်ကလေးငယ်ငယ်နဲ့ အတတ်ကောင်းတွေ တတ်နေတယ်ပေါ့ "ပုခုံးနှစ်ဖက်ကို ဆုတ်ကိုင်ကာ ကျွန်မကိုယ်ကို လှုပ်ခါရမ်းပြီး ဆက်မေးနေပြန်သည်။
ကျွန်မကိုယ်လုံးက အနောက်ဆုတ်သွားပြီး တံခါးနှင့် ကပ်သွားသည်။
YOU ARE READING
သက်တံကို ဖမ်းခြင်း
Lãng mạnမင်းကလမင်း ဘေးနားမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ ကြယ်ကလေးတစ်ပွင့်ပါ။ တို့က လမင်းလေ ၊ ကြယ်ပွင့်လေးကတော့ မင်းပေါ့။ လမင်းကြီး ဘေးမှာ ကြယ်ကလေးဟာ အမြဲရှိနေလိမ့်မယ်။ ပြီးရင် သက်တံအတူတူ ဖမ်းကြမယ် ။ မင်းကလမင်း ဘေးနားမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ြ...