[အပိုင်း-၄]unicode+zawgyi

1.1K 116 18
                                    

မီးခလုတ်ကို ပိတ်လို်က်ပြီး ပြန်ဖွင့်တော့ မီးလုံးကနီရဲနေသည်။

"မီးလုံးကျွမ်းချင်တာ ထင်တယ်၊ ခလုတ်ပြန်ပိတ်လိုက် ကြယ်ကြယ်"
ဆရာမကြီး၏ အမိန့်စကားကိုကြားတော့ ကျွန်မ ခလုတ်ပြန်ပိတ်ချလိုက်ပါသည်။

ဖုန်းမီးဖွင့်ထားလိုက်ပြီး ခုတင်ပေါ်မှာ နှစ်ယောက်သား ခေါင်းချင်းဆိုင် အကြံထုတ်ကြသည်။

"ငပိုး ငါတို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ၊
မိုက်မိုက်ကြီးထဲ မအိပ်တတ်ဘူး"

"အဆောင်မှူးကို သွားပြောလိုက်ကြရင်ကောင်းမယ်ထင်တယ် ကြယ်၊
ဟို ဖီလောဆိုဖာကြီးဆီကိုတော့ မပြောချင်ဘူး"

"အဲ့တာဆိုလည်း နင်တစ်ခုခုတော့
စဥ်းစားဦးလေဟာ၊
မီးပြင်ဆရာခေါ်ရရင်လည်း မနက်မှပဲခေါ်လို့ရမှာ၊ မီးလုံးဖိုးလည်း ကုန်ရပြန်ဦးမယ်"

"ဟုတ်ပြီ!! အကြံရပြီ"
ပိုးပိုးက အနားကပ်လာပြီး တိုးတိုးလေး ပြောပြပါသည်။
ကျွန်မကတော့ သူဘာလုပ်လုပ် အနောက်ကလိုက်ဖို့ အဆင်သင့်ပါ။

"အိုကေတယ်နော်..ဒါဆို ညဥ့်နက်လာရင် လုပ်ငန်းစကြမယ်
Mission အောင်မြင်ရမယ်!!! "
~
Corridorမှာ ငုတ်တုတ်ထိုင် ဖုန်းသုံးရင်း အချိန်ကို ထိုင်စောင့်နေကြပါသည်။
အဆောင်က တဖြည်းဖြည်းအသံတိတ်လာသည်။
ညနက်လာသည်နှင့်အမျှ ပို၍တိတ်ဆိတ်လာပါသည်။

2နာရီထိုးခန့်ရှိ်လာသည့် အချိန်တွင် ကျွန်မတို့နှစ်ယောက် လုပ်ငန်းစရန်ပြင်လိုက်ကြသည်။
ပိုးပိုးက ဆံပင်ရှည်တွေကို ဆံညှပ်နှင့်ညှပ်ပြီးပင့်တင်လို်က်သည်။

ဖိနပ်သံကြားမည် စိုးသဖြင့် ဖိနပ်မစီးကြ။

ပိုးပိုးက ရှေ့က ခြေဗလာနှင့်သွားပါသည်။
ကျွန်မက မီးလုံးအကျွမ်းကို ကိုင်ခဲ့ပြီး သူ့နောက်ကလိုက်သည်။

2ထပ်မှာရှိသမျှ အခန်းတွေအကုန်လိုက်ပတ်ကြည့်ကြသည်။
အခန်းရှေ့နာမည်ကတ်ပြား မကပ်ထားသောအခန်းများကို ဦးတည်ပြီး ကြည့်ပါသည်။

ကျွန်မတို့နှစ်ယောက်၏ အကြံမှာ အခန်းလွတ်ထဲက မီးလုံးကို ကျွန်မတို့ မီးလုံးအကျွမ်းနဲ့ လဲပစ်လိုက်ဖို့ ဖြစ်သည်။
ဒါဆို မီးလုံးအသစ်အတွက် ပိုက်ဆံကုန်စရာလည်း မလိုတော့။

သက်တံကို ဖမ်းခြင်း Where stories live. Discover now