[အပိုင်း - ၃ ]unicode+zawgyi

1.3K 125 28
                                    

အခန်းရှေ့ရောက်သွား​ေတာ့ ကျွန်မ တံခါးခေါက်လိုက်ပါသည်။
သေချာမစေ့ထားသဖြင့် တံခါးကအနည်းငယ်ဟနေသည်။
အထဲက ဘာအသံမှမကြားရပါ။
အခန်းမီးကတော့ လင်းနေပါသည်။
အထဲတွင်လိုက်ကာများ ကာထားသဖြင့် ပြတင်းပေါက်မှန်မှ ချောင်းကြည့်၍လည်းမရ။
တံခါးမခေါက်ဘဲ ဝင်တာဟာ ကျင့်ဝတ်မဲ့သည်ဟု ယူဆသဖြင့် ကျွန်မ တံခါးထပ်ခေါက်လိုက်ပါသည်။

"ဝင်ခဲ့ပါ.."

တံခါးဆွဲဖွင့်ရင်း ဝင်လိုက်ချိန်တွင် ကျွန်မ အံ့အားသင့်မိသွားပါသည်။
ရှာဖွေမည်ဟု ကြံစည်ထားသော ကျွန်မရဲ့နတ်ဘုရားမ။

အဝါရောင်ပန်းခက် သေးသေးနုတ်နုတ်လေးများပါသည့် လက်​ပြတ်ဂါဝန်အရှည်ကို ဝတ်ထားပါသည်။

ပုခုံးလုံးလုံးလေးနှင့် ဖွေးဖွေးသွယ်သွယ်လက်မောင်းက မီးရောင်အောက်မှာ အဝင်းသား။
တလက်လက်တောက်ပနေသလိုပင်။
နေ့ခင်းကတွေ့ခဲ့သလို အညိုရောင်နှုတ်ခမ်းမဟုတ်တော့။
အလှဆီ ပါးပါးလေးသာဆိုးထားသည့် ပန်းရောင်နှုတ်ခမ်း ဖူးဖူးစိုစိုလေး။
နှင်းဆီဖူးငုံလေးလိုပင်။

"လင်းမြကြယ်ဖြူ.."

"ရှင် "
"အဲ့ ဟို ဟို မင်္ဂလာပါ တီချာ"

တီချယ်က နာမည်ကို တစ်လုံးချင်းပီပီသသခေါ်လိုက်တော့ ကျွန်မ ကြက်သီးဖြန်းဖြန်းထပြီး တုန်မိကာ အယောင်ယောင်အမှားမှား ဖြစ်ကုန်သည်။
အသံ၏ ကြည်လင်ပြတ်သားပြီး သြဇာရှိမှုကို ကျွန်မ လွန်ဆန်နိုင်ခြင်း မရှိပါ။

နတ်ဘုရားမရှေ့မှောက် ဒူးထောက်လျက်လဲကျမိသည့် အညတရ ကျေးတောသူလေးတစ်ဦးပမာ။

"သမီးက 2ထပ်ရဲ့ ECနော်..
တီချယ်က ဒီနေ့မှ အဆောင်ပြောင်းလာခဲ့ရလို့လေ..
တီချယ်က ဆရာမများအဆောင်မှာနေတာ။တကယ်ဆို မနေ့ကတည်းက ဒီဘက်အဆောင်ပြောင်းလာမလို့ပါပဲ
ကေ​ျာင်းစဖွင့်ကာစဆိုတော့ အလုပ်တွေကများတယ်ရော သမီးရယ်..

ကိုယ့်ဟာကိုယ် အလုပ်မအားရတဲ့ကြားက hall tutor လုပ်ဖို့ အထက်က တာဝန်ချပေးလာတော့လည်း လုပ်ရတော့မှာပေါ့

ဒီအဆောင်မှာ တွေ့ရဆုံရတာ ရေစက်လို့မှတ်ယူရမှာပေါ့ သမီးရယ်"

သက်တံကို ဖမ်းခြင်း Where stories live. Discover now