[အပိုင်း-၅]Unicode+zawgyi

1.2K 122 15
                                    

တက္ကသိုလ်ကျောင်းသူဘဝက အလွန်ပျော်စရာကောင်းပါသည်။
အပူအပင်မရှိ ပေါ့ပါးလွတ်လပ်သည်။
လူငယ်တစ်ယောက်၏လွတ်လပ်မှုကို အပြည့်အဝခံစားရသည်။
အဆောင်နေကျောင်းသူ ဘဝကိုလည်း ကျွန်မမက်မောသည်။
မီးလုံးခိုးသည့်အကြောင်းကတော့ ပိုးပိုးနဲ့ ကျွန်မ နှစ်ယောက်သာသိသည့် လျှို့ဝှက်ချက်ကလေးဖြစ်သည်။

ဒေါက်တာစန္ဒာသွင်နှင့်လည်း ကျွန်မ အလွန်ရင်းနှီးချင်ပါသည်။
သို့သော် တီ်ချယ်နှင့် ကျွန်မက မေဂျာမတူသဖြင့် ကျောင်းမှာတွေ့ဆုံရဖို့အခွင့်က မိုးနဲ့မြေလိုဖြစ်နေသည်။
အဆောင်မှာလည်း သိပ်မရင်းနှီးသေးပါ။
Corridorမှာ ဆုံမိတိုင်း မင်္ဂလာပါ တီချယ်ဟု ကျွန်မစနှုတ်ဆက်ရင်တော့ တီချယ်က အသိအမှတ်ပြုသလို ယဥ်ယဥ်လေးပြန်ပြုံးပြသည်။
ပြီးရင်တော့ သူ့လမ်းသူသွားလိုက်သည်သာ။

ပိုးပိုးကြောင့်လည်း နောက်ထပ်သူငယ်ချင်းတချို့ ရလိုက်ပါသေးသည်။
တစ်ဆောင်လုံးမှာ သူ့ကိုမသိသူ မရှိပါ။
ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ပျော်ပျော်နေတတ်သည့် ပိုးပိုးကို အားလုံးက ခင်​ကြသည်။
တစ်ခါတစ်ခါ 3ထပ်၊4ထပ်က သူ့အဖော်တွေကို အခန်းထဲခေါ်လာပြီး ပါတီပါပေးသေးသည်။
ပိုးပိုးပြောသည့် ပါတီပေးသည်ဆိုတာကို ကြည့်ပြီး ကျွန်မ ရင်တမမ ဖြစ်ရပါသည်။

နှစ်ယောက်အခန်းလေးထဲ လူတွေ တစ်ပြုံတစ်ခေါင်း ခေါ်ချလာပြီး မုန့်တွေထိုင်စားကြရင်း စကားပြောကြသည်။
မုန့်ကုန်သွားလျှင် စကားမပြောနိုင်ကြတော့၊ ဖုန်းကိုယ်စီသုံးရင်း တိတ်ဆိတ်သွားကြပြန်သည်။
အားလုံးတိတ်နေ​ြကလျှင် ဆရာမကြီး ငပိုးက ဘုရားခန်းက မီးကြိုးကို ယူလာခဲ့ပြီး အတတ်ဆန်းပြန်ပါသည်။

POE KYE Nightclub ဟုဆိုကာ အခန်းတံခါးလော့ချ၊ အခန်းမီးပိတ်ပြီး ဘုရားမီးတလက်လက်နှင့် ကကြသည်။

လက်တွေ အပေါ်မြှောက် ၊ ခန္ဓာကိုယ်ကို တွန့်လိမ်ကရင်း အကုန်ကဲကြသည်။
အဆောင်မှူးကိုလည်း ဂရုမစိုက်နိူင် ၊တီချယ်စန္ဒာသွင်ကိုလည်း မကြောက်နိုင်တော့ပါ။
မိခါမှ မိရော။ပျော်ရဖို့က အရေးကြီးသည်လေ။

သက်တံကို ဖမ်းခြင်း Where stories live. Discover now