[အပိုင်း-၁၃]

1.2K 136 15
                                    

ခရီးစဥ်မှ အမှတ်တရများက ကျွန်မရဲ့ ဦးနှောက်၊ကျွန်မရဲ့ စိတ်ဝိညာဥ်တစ်ခုလုံးကို မသိမသာရော သိသိသာသာပါစိုးမိုးလို့နေသည်။မမျှော်လင့်ဘဲ တရုတ်စကားပန်းလေးပန်ပေးခဲ့သည့် အချိန်နှင့် ကျွန်မနဖူးကို အနမ်းဖွဖွလေးပေးခဲ့သည့် အခိုက်အတန့်တွေက ကျွန်မ၏အိပ်မက်များထဲညစဥ် အလှည့်ကျ စိုးမိုးနေတော့သည်။ ကျွန်မရဲ့ မသိစိတ်​ေတွကပါ တီချယ်ပေးတဲ့အိပ်မက်လှလှလေးများကြားက ရုန်းမထွက်ချင်တော့ပုံပါပဲ။

ညနေ(6)နာရီခွဲ Roll Call ခေါ်ပြီးချိန်တွင် ပိုးပိုးနဲ့ကျွန်မ စာလုပ်မည်ဟုကတိပြုထားကြသည်။တကယ်တမ်း ကျွန်မတို့နှစ်ယောက် စာလုပ်သည့်အချိန်က ကျောင်းစဖွင့်သည့်နေ့မှ စရေတွက်လျှင်ပင် လက် ၁၀ချောင်းမပြည့်ပါ။ငပိုးက roll callပြီးသည်နှင့် အခန်းလည်တတ်ပြီး ကျွန်မကလည်း တီချယ်အခန်းရောက်နေတတ်သည်။ ယူထားသည့်မေဂျာ မတူသော်လည်း သင်္ချာက minorယူရသည့် အထဲတွင်အတူတူဖြစ်သဖြင့် Maths Assignment အတွက် အတူတူစာလုပ်မည် ပြောထားကြသည်။သို့သော် Roll call ခေါ်ပြီးချိန်တွင် ပိုးပိုးက အခန်းပြန်မလာဘဲ ပျောက်နေသဖြင့် ကျွန်မအဆောင်ပတ်ရှာရတော့သည်။3ထပ်ကPhilo သူငယ်ချင်းအခန်းတွင်လည်နေသည့် ငပိုးကိုတွေ့သဖြင့် လည်ကုပ်မှကိုင်ကာ အခန်းထဲဆွဲခေါ်ခဲ့ပြီး စာကြည့်စားပွဲရှေ့အရောက်ပို့ရသည်။
တကယ်တမ်း စာကြည့်စားပွဲရှေ့ထိုင်ကာ စာလုပ်ကြ​ေတာ့ စာထဲအာရုံစိုက်၍မရ။
rollcallပြီးချိန်တိုင်းလည်နေကျဖြစ်သည့် တီချယ့်အခန်းကိုသာ စိတ်ရောက်နေသည်။
ကျွန်မရဲ့ ခန္ဓာကိုယ်ကလည်း စာကြည့်စားပွဲရှေ့ထိုင်နေရတာ အဆင်မပြေတဲ့ပုံပါပဲ။

"ကြယ်ကြယ်၊နင် ဒီလိုပဲ လှုပ်ရွလှုပ်ရွ လုပ်နေတော့မှာလား။ငါ စာလုပ်ရတာ အာရုံနောက်တယ်။နဂိုကမှ မနည်းအာရုံထည့်ထားရတဲ့အထဲ"

365ရက်မှာ တစ်ရက်လောက်သာ စာလုပ်တဲ့သူကများ ဆရာမကြီးစတိုင်ဖမ်းကာ မျက်မှန်အောက်ကကျော်ကြည့်ရင်း အငြိမ်မနေသည့် ကျွန်မကို လာဟောက်နေသေးသည်။

"သင်္ချာကို မုန်းလိုက်တာ။ တွက်တောင်မတွက်ချင်တော့ဘူး။ တီချယ့်အခန်းပဲသွားချင်နေပြီ"

သက်တံကို ဖမ်းခြင်း Where stories live. Discover now