[အပိုင်း-၁၁]

1.9K 174 39
                                    

ကျောင်းပိတ်ရက်ရဲ့ မနက်ခင်းတစ်ခုဖြစ်ပေမဲ့ ဒီနေ့မှာ ထူးခြားစွာ Room No.210မှာ ဆူညံနေကြသည်။အခါတိုင်း ပိတ်ရက်များတွင် ပိုးပိုးနဲ့ ကျွန်မ နေဖင်ထိုးအောင် အိပ်ကြသည်။ နေဖင်ထိုးအောင် အိပ်ကြသည်ဟု ဆိုခြင်းက မနက်ခင်းနေရောင်ကို ရည်ညွှန်း​ခြင်း မဟုတ်ပါ။ အခန်းက အနောက်ဘက်တွင်ဖြစ်သဖြင့် ကျွန်မတို့ အခန်းဘက်ကို နေရောင်က နေ့လည် 12လောက်မှ ကျရောက်သည်။ အဲ့လောက်ထိ် ပိုးပိုးနဲ့ ကျွန်မ အအိပ်ကြီးကြသည်။ ကျောင်းပိတ်ရက်များတွင် နေ့လည် 12 နာရီလောက်မှ နိုးကြသဖြင့် အဆောင်မနက်စာ လွတ်ပါသည်။ နိုးလာသော အခါမှ ကျောင်းထဲက RC(Recreation Centre)မှာ မနက်စာနှင့် နေ့လည်စာပေါင်းစားကြသည်။တစ်ချို့ နေ့များတွင်တော့ 73လမ်းပေါ်ကCoCoမှာ ခေါက်ဆွဲပြုတ်နှင့် နှစ်ပါးသွားလိုက်ကြသည်။ ဗိုက်ထဲ အစာရောက်လျှင် ဗိုက်ပြည့်ပြီ ဟု ယူဆထားကြသဖြင့် ပိုးပိုးနဲ့ ကျွန်မ အစားတစ်နပ်အတွက် သောက မရှိ။
ယနေ့ ပိတ်ရက်တွင်တော့ ကျွန်မတို့ ကျောင်းက Charity အဖွဲ့တစ်ခုနှင့် အတူ ပရဟိတသွားလုပ်ဖို့ လိုက်ကြမည်ဖြစ်သဖြင်​့ စောစီးစွာ နိုးထကြသည်။ RCတွင် မနက် 6 နာရီ လူစုရန် ချိန်းထားကြသဖြင့် 5နာရီကို နိုးစက်ချထားပြီး ထရသည်။ 5:30 ခန့်အချိန်တွင်မျက်နှာသစ်၊ ဖြီးလိမ်းပြင်ဆင်ခြင်း ပြီးဆုံးသဖြင့် စုရပ်ရှိရာ RCသို့ ကျွန်မနဲ့ ပိုးပိုးသွားကြသည်။
နေ့တဓူဝ အဆောင်နှင့် ကျောင်း၊ ကျောင်းနှင့် အဆောင် ခြေရာချင်းထပ်၊ ဆိုင်ကယ်ဘီးရာချင်းထပ်လောက်အောင် ကျွန်မတို့သွားနေကျ တမာလမ်းက ယနေ့မှ ပို၍လှနေသလိုပင်။ မနက်ခင်းရဲ့ ရောင်နီက တမာလမ်းပေါ် ဖြာကျနေသည်။ လေပြည်အေးများက တမာရွက်များကို ဝေ့ကာဝဲကာ သယ်ဆောင်လာပြီး တမာလမ်းပေါ်သို့ ပို့ဆောင်သွားသည်။

"လမ်းကလေးက အရမ်းလှတာပဲ ရွှေကြယ်၊ ရည်းစားလေးနဲ့အတူ လက်တဲွဲလျှောက်ရရင် အရမ်း ကဗျာဆန်မှာပဲ"

"နင်ရည်းစားက တခြားကျောင်းကမို့ နင်သာ မလျှောက်ဖူးတာပါ ငပိုးရယ်၊ ကျောင်းက အတွဲတွေ အကုန်လုံး ဒီလမ်းမှာ လက်ချင်းချိတ်ပြီး လျှောက်ဖူးကြတယ်။ ဒါ့ကြောင့် ဒီလမ်းကို ချစ်သူ့လမ်းကြားလို့ ခေါ်တာပေါ့"

သက်တံကို ဖမ်းခြင်း Where stories live. Discover now