အပိုင်း - ၁ ( စိတ်ပိုင်းဖြတ်ကာ ခွဲခွာရခြင်း )

1.9K 210 16
                                    

အပိုင်း - ၁ ( စိတ်ပိုင်းဖြတ်ကာ ခွဲခွာရခြင်း )

နံနက်ချိန်ခါ ဆိုက်ရောက်လာနေပြီမို့ ညဝေဟင်၏ မှိုင်းပျပျပြာရင့်ရောင်အစား မိုးကုပ်စက်ဝန်းမှ ရွှေရောင်နေခြည်တန်းများက နေရာဝင်ယူလာကြသည်။ KhunChai Phitchya သည်လည်း ကျယ်ဝန်းသောကုတင်ထက်မှ နိုးထလာရလို့။ ငိုက်မြည်းမှုကို ဖြေဖျောက်ရန်အတွက် မျက်နှာပြင်အား လက်နှစ်ဖက်ဖြင့် ပွတ်သပ်နေရလျက်။

KhunChai၏ အိပ်ရာနိုးမှုမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဥ်အတိုင်း နိုးထလာခဲ့ခြင်းမဟုတ်ပါ။ ငယ်စဥ်ကတည်းက သူ့အား ထိန်းကျောင်းပြုစုလာခဲ့သော အထိန်းတော်ကြီး အမေဖိန်းက သူ့အခန်းထဲ ရောက်ချလာကာ ကုတင်ခြေရင်း၌ ဒူးတုပ်ပြီးသည်နှင့် အိပ်ပျော်နေသူအား အတင်းလှုပ်နှိုးလိုက်ခြင်းကြောင့် မနည်း နိုးထလာရခြင်းသာ။

"ထပါတော့၊ KhunChai ။ အရုဏ္ဆွမ်း အတူလာကပ်ဖို့ သခင်မကြီး လာခေါ်ခိုင်းလိုက်လို့ပါ။ ပြီးတော့ KhunChai နဲ့ ​ဆွေးနွေးပြောပြစရာကိစ္စ ရှိနေလို့ပါတဲ့ရှင့်"

"ဘာကိစ္စတဲ့လဲ"

"KhunChai ရဲ့ ပညာရေးကိစ္စလို့ ပြောတာပဲ"

"ပညာရေးကိစ္စ? ဘာထပ်ဖြစ်ရပြန်ပြီလဲ.....ကျွန်တော်လည်း Khon နဲ့တူတူ စာကြိုးစားရင်း စာမေးပွဲလည်း အောင်ပြီးသွားပြီလေ "

ရှည်လျားသွယ်တန်းသော မျက်ခုံးတန်းနှင့်အတူ မီးခိုးရင့်ရောင်မျက်ဝန်းအိမ်များမှာ အထိန်းတော်ဖြစ်သူအား မော့မကြည့်မိဘဲ မနေတော့ပါ ။ တကယ်လည်း သူ စာကြိုးစားခဲ့ပြီးပြီပဲ၊ ရလဒ်များလည်း စိတ်ကျေနပ်စရာဖြစ်ခဲ့သည်ပဲလေ။

"ပြီးတော့ Khon လည်း ပြောဖူးတယ်၊ ကျွန်တော်က ဉာဏ်ထက်ပြီးသားတဲ့။ အရင်ဟာတွေက မကြိုးစားချင်ဘဲ အပျင်းတစ်နေလို့သာ ဖြစ်တာတဲ့"

မိမိကိုယ်ကို ဂုဏ်တင်ကာ ဝါကြွားသမှု ပြုလိုက်သည်။ သို့သော်လည်း အဆုံးသတ်စကားကမူ တိုးဖျော့သွား၏။ စားပွဲပေါ် သူ မှောက်အိပ်လိုက်တုန်းက ဆရာ Khon မှ သူ့အား မှတ်ချက်တစ်ခွန်း ဆိုဖူးသည်။ " KhunChai က ဉာဏ်ပြေးသလောက် အရမ်းအပျင်းကြီးတယ်" တဲ့လေ။

မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }Where stories live. Discover now