အပိုင်း - ၁၁ { ဆရာပေါ် တက်ခြင်း }

1.3K 163 60
                                    

T/n : ဆရာပေါ် တက်ခြင်းက ขึ้นครูဆိုတဲ့စကားကနေ တိုက်ရိုက်ပြန်ထားတာပါ။ ဒီစကားက အဓိပ္ပာယ်နှစ်ခွထွက်ပါတယ်။ ဆရာသမားကို ပူဇော်ကန်တော့တာလို့ ပြောလို့ရသလို  တစ်ယောက်ယောက်အကူအညီနဲ့ အသစ်အဆန်းတစ်ခုခု (အများအားဖြင့်၊ Sexual activity ) စလုပ်တာကိုလည်း သုံးပါတယ်။ ဒီအပိုင်းအတွက်က အဓိပ္ပာယ်နှစ်ခုလုံးပါ။

ဟုတ်ပါတယ်။

Trigger warning alert : Mature content ahead ပါရှင်။ 🚫🔞

*****

အပိုင်း - ၁၁ - { ဆရာပေါ် တက်ခြင်း }

သူရိယနေမင်းမှာ မိုးကုပ်စက်ဝိုင်းစွန်းမှ နစ်ဝင်ပျောက်ကွယ်သွားလေပြီ။ ထိုအခါ လမင်းသော်တာက ပြာရင့်ရောင်ဝေဟင်ပြင်ထက် နေမင်းအစား လင်းရောင်ခြည်ပေးရန် နေရာဝင်ယူလာ၏။ Khonla ကမူ ဝရံတာထက်တွင် ခြေဆင်းထိုင်ကာ လက်ချောင်းများကလည်း နှုတ်ခမ်းသားတစ်ဝိုက်အား ထိတွေ့ပွတ်သပ်လာ၏။ ထိုအနမ်းမှ ချိုသာသောအရသာမှာ ယခုထက်ထိတိုင် စွဲထင်ကျန်ဆဲ။ ထိုခန္ဓာ၏ ကိုယ်သင်းနံ့သည်လည်း သူ၏မှတ်ဉာဏ်ထဲ စွဲကျန်ရစ်ဆဲ။ သုံးရက်သုံးည လွန်မြောက်သွားသည့်တိုင် သူ၏ ကမူးရှူးထိုးအပြုအမူများအား Khonla ကောင်းစွာမှတ်မိနေဆဲ။

နောင်တတရားများက သူ့နှလုံးသားအား တားမနိုင်ဆီးမရ နက်နက်ရှိုင်းရှိုင်း လှိုက်စားဝါးမျိုနေပြီဖြစ်သည်။ KhunChai ၏ ထိုနေ့တုန်းက အပြုအမူကို သူ သိပ်နားမလည်သော်ငြား မိမိကို KhumChai စိတ်ဆိုးနေပြီဟုတော့ Khonla သိပါသည်။ ယောက်ျားတစ်ယောက်က အခြားယောက်ျားတစ်ယောက်အား နမ်းလာသည်၊ ပွေ့ဖက်ရစ်တွယ်လာသည်၊ ထို့အပြင် ထိုနေရာကိုပါ ထိတွေ့ဆုပ်ကိုင်လာသေးသည်။

KhunChai Phitchya တော့... သူ့ကို ရွံမုန်းသွားလောက်ပြီထင်။

"အာ၊ Ai Khon ရာ"

စောနကမှ လျှော်လာသော ဆံနွယ်များကို Khon စိတ်ညစ်စွာနှင့် နောက်သို့သပ်လိုက်သည်။ ထိုအခါ နုပျိုသောမျက်နှာနှင့်အတူ ဝမ်းနည်းရိပ်ကဲသော မျက်ဝန်းများက ထင်ရှားစွာ ပေါ်လွင်လာလို့။ ယခုတော့ သူ KhunChai Phit အကြောင်းကိုချည်း တွေးတောဖြစ်နေကာ ရင်ထဲရှိတစ်ယောက်သောသူအား တစ်ခဏတာမျှ မေ့လျော့သွားခဲ့ပြီဖြစ်သည်။

မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }حيث تعيش القصص. اكتشف الآن