အပိုင်း (၄) - {မြူဆိုင်းနေသော်ငြား လမင်းငယ်အား တွေ့မြင်ရမြဲ }
(၉)နှစ် လွန်မြောက်ပြီးသွားသော်။
မိုးရွာထားသဖြင့် ရေပြန်စိမ့်ထွက်လာသော ဘိလပ်မြေစင်္ကြံပေါ် ရေစိုခံရာဘာဖိနပ်လေးတစ်ရံ လျှောက်လှမ်းနင်းချသွားသည်။ မနက်ခင်းအချိန်မို့ မိုးကုပ်စက်ဝိုင်းစွန်းမှသည် နေမင်းသူရိယ ပြူထွက်၍လာနေ၏။ နွေးထွေးသောနေခြည်မှာ အမိုက်မှောင်ကို နှင်ထုတ်သွားနိုင်သော်ငြား သူ့ရင်ထဲရှိ မြူခိုးထုကမူ အုံ့ဆိုင်းသိပ်သည်းနေခဲ့မြဲ။
အရင်နေ့ရက်များအတိုင်းပင် Khonlaက ကျဥ္းမြောင်းသောလမ်းသွယ်တစ်ခုထဲ ချိုးဝင်လျှောက်လှမ်းသွားသည်။ လက်ထဲတွင်လည်း ထမင်းထုပ်သုံးထုပ်ရှိကာ သူ လမ်းလျှောက်လိုက်တိုင်းလည်း လိုက်ပါလှုပ်ယမ်းနေခဲ့၏။ မျက်ဝန်းများပင် ပိတ်သွားတော့မတတ် ပင်ပန်းနွမ်းနယ်မှုများ ကြီးစိုးနေသဖြင့် သူ၏ခြေလှမ်းများမှာ ခိုင်မာတစ်လှည့် ၊ ယိုင်နဲ့တစ်ဖုံ။
Khonla မှာ ထိုငိုက်မြည်းမှုများကို ခါထုတ်ပစ်ကာ ညာဘက်ခြမ်းမှရေလျှင် တတိယမြောက်အိမ်တန်းလျားဆီ ဦးတည်လျှောက်လှမ်းလာခဲ့သည်။ အိမ်ရှေ့ပုရဝုဏ်မှာ မှောင်ရိပ်ကျနေဆဲဖြစ်ကာ ယခုထိတိုင် ဘန်ကောက်မြို့တော်မှာ စစ်ပွဲရန်အား ရှောင်ပြေးနေသည့်ဟန်ရသည်။ အရုဏ်ဦး၏ နေခြည်တန်းများသည်လည်း စစ်ဒဏ်သင့်ထားသော အနိဋ္ဌာရုံများအား ဖုံးကွယ်ပျောက်လွင့်သွားစေခြင်းမရှိ။ ( T/n : အရင်အပိုင်းတွေမှာ ဘယ်ဘက်ခြမ်းလို့ ရေးထားတာ ဆောရီးပါ။ နန်း ပြန်ပြင်လိုက်ပါ့မယ်နော့ )
သို့သော် Khonla ကမူ အလျင်စလိုဖြစ်ခြင်းမရှိဘဲ ဘောင်းဘီအိတ်ထဲ သော့နှိုက်ထတြၽလိုက်ကာ အိမ်တံခါးအား ဖွင့်ဝင်လိုက်သည်။ ထို့နောက် အထဲဘက်မှ မင်းတုန်းပြန်ချလိုက်၏။
သော့ပြန်ထည့်လိုက်သောအခါ ဘောင်းဘီအိတ်ထဲရှိ အကြွေစများမှာ သတ္တုတစ်ခုနှင့် ထိခတ်သွားသဖြင့် တချွင်ချွင်အသံနှင့်အတူ တိတ်ဆိတ်မှုအား ဖြိုခွင်းလာသည်။ Khonlaက မီးခိုးရောင်ခြင်ထောင်ဘေးနား ဝင်ထိုင်လိုက်ကာ ထိုနေရာနှင့် မလှမ်းမကမ်းတွင် ထမင်းထုပ်များ ချထားလိုက်သည်။ထို့နောက် ဘောင်းဘီထဲရှိ အကြွေစများကို နှိုက်ထုတ်လာလိုက်၏။
YOU ARE READING
မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }
Romanceကျွန်တော့်ရဲ့ လမင်းနှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်သိပ်နေတယ်။ ဒါပေမယ့် တစ်ယောက်သောသူက ဒီအချစ်တွေကို လက်မခံမှတော့ ဒီနှလုံးသားဟာ "မြူနှင်းလွှာကြားက စန်းလသော်တာပမာ"သာ ဖြစ်ခဲ့လေတော့တယ်။ Original Title - ดั่งกัษษากรในม่านหมอก Author - นทกร